သမ္မတကို ပစ်မှတ်ထားသော ဖောက်ခွဲမှုအား စုံစမ်းမှုတွင် မော်လ်ဒိုက် ဒု-သမ္မတကို ဖမ်းဆီးထား

သမ္မတကို ပစ်မှတ်ထားသော ဖောက်ခွဲမှုအား စုံစမ်းမှုတွင် မော်လ်ဒိုက် ဒု-သမ္မတကို ဖမ်းဆီးထား

မေးလ်၊ အောက်တိုဘာ ၂၄ ။         ။ သမ္မတ အက်ဘ်ဒူလာ ယာမီးန်ကို ပစ်မှတ်ထားသော စပိဘုတ် ပေါက်ကွဲမှုတစ်ခုအား စုံစမ်းစစ်ဆေးမှုတစ်ခုတွင် မော်လ်ဒိုက် ဒု-သမ္မတ အာမက်အက်ဒ်ဟီးဘ်ကို   အောက်တိုဘာ ၂၄ ကဖမ်းဆီးခဲ့သည်ဟု ရဲအရာရှိတစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။

သမ္မတမှာ ဟာ့ဂျ်ပြုလုပ်ပြီးနောက် ဆော်ဒီအာရေဘီးယားမှ ပြန်လာစဉ် ၎င်း၏သမ္မတလှေ Finifenmaaတွင် စက်တင်ဘာ ၂၈က ပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း ဒဏ်ရာမရခဲ့ပေ။ "Finifenmaa ဖြစ်ရပ်နဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဒု-သမ္မတကို ဖမ်းဆီးထားပါတယ်"ဟု ရဲတပ်ဖွဲ့မှ မီဒီယာအရာရှိတစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။

ယခုအခါ ဒု-သမ္မတကို ဒူးနီဒူးထိန်းသိမ်းရေးဋ္ဌာနတွင် ရဲတပ်ဖွဲ့ ထိန်းသိမ်းထားသည်။ ဒု-သမ္မတအပေါ်ပြုလုပ်ထားသည့် စွဲချက်မှာ နိုင်ငံတော်သစ္စာဖောက်မှုြ့ဖစ်ကြောင်း ပြည်ထဲရေးဝန်ကြီး အူမာနာဆီယာက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly