GOT7 အဖွဲ့သားများ "The Avengers" ကားမှ ဇာတ်ကောင်များအတိုင်း ၀တ်ဆင်ကာ ဂီတပရိုဂရမ် တစ်ခု အတွက် အစမ်းလေ့ကျင့်

GOT7 အဖွဲ့သားများ "The Avengers" ကားမှ ဇာတ်ကောင်များအတိုင်း ၀တ်ဆင်ကာ ဂီတပရိုဂရမ် တစ်ခု အတွက် အစမ်းလေ့ကျင့်

အောက်တိုဘာ ၂၄၊ ဆိုးလ် ။        ။ အမျိုးသား ခုနှစ်ဦးဖြင့် ဖွဲ့စည်းထားသည့် နာမည်ကျော် ကေပေါ့အဖွဲ့ GOT7 မှ အဖွဲ့သားများကို  အောက်တိုဘာ ၂၃ ရက်က KBS ဂီတပရိုဂရမ် "Music Bank" အတွက် ရီဟာဇယ် ပြုလုပ်ရာတွင် နာမည်ကြီး "The Avengers" ရုပ်ရှင်ကားထဲမှ ဇာတ်ကောင်များ၏ အဝတ်အစားပုံစံအတိုင်း ဝတ်ဆင်ထားသည်ကို တွေ့ရှိခဲ့ရသည်။

အဖွဲ့သားတစ်ဦးဖြစ်သည့် ဂျက်ဆင် Jackson က ရုပ်ရှင်ကားထဲမှာ Thor အဖြစ် ဝတ်ဆင်ထားပြီး ဂျေဘီ JB နှင့် ဘမ်ဘမ်း Bambam တို့က Nicky Fury နှင့် Captain America တို့အတိုင်း အသီးသီး ဝတ်ဆင်ထားခဲ့သည်။ တစ်ချိန်ထဲတွင် ယွန်ဂျေး Youngjae က Hulk၊ မာ့ Mark နှင့် ယွီဂေအွန် Yugyeom တို့က Spider-man နှင့် Iron-Man တို့အဖြစ်ပြောင်းလဲထားကြသည်။

" အဖွဲ့သားတွေက ပရိသတ်တွေကို ဖျော်ဖြေချင်ရုံသက်သက်ပါ" ဟု ၎င်းတို့၏ JYP အင်တာတိန်းမန့်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ GOT7 အဖွဲ့သည် မကြာသေးမီက ၎င်းတို့၏ "MAD" အခွေကို ထုတ်လုပ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags