ဂျပန်နှင့် တာ့မင်နစ္စတန် အမေရိကန်ဒေါ်လာ ၁၈ဘီလျံတန်ဘိုးရှိ သဘောတူညီချက်များ လက်မှတ်ရေးထိုး

ဂျပန်နှင့် တာ့မင်နစ္စတန် အမေရိကန်ဒေါ်လာ ၁၈ဘီလျံတန်ဘိုးရှိ သဘောတူညီချက်များ လက်မှတ်ရေးထိုး

အက်ရှ်ဂါဘတ်၊ အောက်တိုဘာ ၂၄ ။         ။ တာ့ခ်မင်နစ္စတန်နိုင်ငံသို့ ဂျပန်ခေါင်းဆောင်တစ်ဦး၏ ပထမဆုံး ခရီးစဉ်အတွင်း ဂျပန်နှင့် တာ့ခ်မင်နစ္စတန်တို့သည် အမေရိကန်ဒေါ်လာ ၁၈ဘီလျံတန်ဘိုးရှိ စွမ်းအင် အပါအဝင်သဘောတူညီမှုများကို အောက်တိုဘာ ၂၃က လက်မှတ်ရေးထိုးခဲ့ကြသည်။

လူဦးရေ ငါးသန်းကျော်သာရှိသော ဆိုဗီယက်အုပ်စုဝင်နိုင်ငံဟောင်း တာ့ခ်မင်နစ္စတန်နိုင်ငံသည် ကမ္ဘာ့စတုတ္ထမြောက်အကြီးမားဆုံး သဘာဝဓါတ်ငွေ့သိုက်ကြီးပေါ်တွင် တည်ရှိနေသည်။ ကုမ္ပဏီဒါဇင်ပေါင်းများစွာမှ ကိုယ်စားလှယ်များနှင့်အတူ အာဘေးသည် ဗဟိုအာရှနိုင်ငံများသို့ သီတင်းတစ်ပတ်ကြာခရီးစဉ်ထွက်နေသည်။

တာ့ခ်မင်-ဂျပန် စီးပွားရေးလုပ်ငန်းဖိုရမ်၏ ရလဒ်အဖြစ် ပအမေရိကန်ဒေါ်လာ ၁၈ဘီလျံကျော်တန်ဘိုးရှိသော ပူးတွဲသဘောတူညီချက်ဆယ်ခုကို အောက်တိုဘာ ၂၄ တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း တာ့ခ်မင်သမ္မတ ဂါရ်ဘန်ဂူလီဘာဒီမတ်ခါမီဒေါ့ဗ်၏ ရုံးကထုတ်ပြန်ခဲ့သည်။

ထိပ်တန်းသဘောတူညီချက်များတွင် ဂျပန်အင်ဂျင်နီယာကုမ္ပဏီ JGC နှင့် အခြားကုမ္ပဏီများအတွက် သဘာဝဓါတ်ငွေ့သိုက်များနှင့် ဆက်စပ်သည့် စက်ရုံတစ်ခု ဆောက်ပေးရမည့် သဘောတူချက်တစ်ခုပါသည်။ သဘောတူညီများတွင် ဓါတုပစ္စည်းစက်ရုံနှင့် ဓါတ်အားပေးစက်ရုံများ ဆောက်လုပ်ခြင်းတို့ပါဝင်မည်ဟု မျှော်လင့်ရသည်။

စည်းလုံးတဲ့ အဖွဲ့တစ်ခုအဖြစ် အစိုးရအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေဟာ သဘာဓါတ်ငွေ့ကို တက်တက်ကြွကြွအသုံးပြုမှုနဲ့အတူ တာ့ခ်မင်ရဲ့စက်မှုဖွံ့ဖြိုးရေးအတွက် သမိုင်းဝင်တဲ့အဆင့်ထိ ခေတ်သစ်တစ်ခုကို ရောက်အောင်သွားမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ တာ့ခ်မင်နစ္စတန်နဲ့ အတတ်နိုင်ဆုံးလက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု အာဘေးကပြောသည်။

တာ့ခ်မင်နစ္စတန်မှ သဘာဝဓါတ်ငွေ့များကို စွမ်းအင်ငတ်မွတ်သော အိန္ဒိယ၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့သို့ ပို့ဆောင်ရန် ကီလိုမီတာ ၁,၈၀၀ရှည်သော ပိုက်လိုင်းတစ်ခုတွင် ရင်းနှီးမြုပ်နှံရန် ဂျပန်နှင့် ကိုရီးယားကုမ္ပဏီများက စိတ်ဝင်စားကြောင်း ပြောကြားခဲ့သည်ဟု တာ့ခ်မင်သမ္မတက သြဂုတ်လက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly