ဘင်္ဂလားဒေ့ရှ်ရှီးယားမွတ်စလင်များ တိုက်ခိုက်ခံရ တစ်ဦးသေ ၈၀နီးပါးဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်ရှီးယားမွတ်စလင်များ တိုက်ခိုက်ခံရ တစ်ဦးသေ ၈၀နီးပါးဒဏ်ရာရ

ဒါကာ၊ အောက်တိုဘာ ၂၄ ။              ။ ဘင်္ဂလားဒေ့ရှ်ရှိ ရှီးယားမွတ်စလင်များ ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် လူတစ်ဦးသေဆုံးသွားပြီး လူ ၈၀နီးပါး ဒဏ်ရာရရှိခဲ့သည်။

မြို့တော်ဒါကာတွင် ရှီးယားမွတ်စလင်တို့၏ နှစ်ပတ်လည် Ashura စီတန်းလှည့်လည်ပွဲအတွက် ဝတ်ပြုသူထောင်ပေါင်းများစွာ စုဝေးနေသည့်နေရာသို့ လက်လုပ်ဗုံးအချို့ဖြင့် ပစ်ပေါက်ခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောသည်။

စီတန်းလှည့်လည်မှုတိုက်ခိုက်ခံရသည်မှာ ယခုအကြိမ်မှာ ပထမဆုံးဖြစ်ကြောင့် ဘင်္ဂလားဒေ့ရှ်၏ ရှီးယားလူနည်းစု ခေါင်းဆောင်များက ပြောသည်။

ပါကစ္စတန်တွင်လည်း အောက်တိုဘာ ၂၃ က ဂျာကိုဘာဘက်တွင် Ashura အခမ်းအနားတိုက်ခိုက်ခံရရာ အနည်းဆုံး လူ၂၂ဦးသေဆုံးခဲ့သည်။ ပေါက်ကွဲမှုမှာ ဒေသစံတော်ချိန် နံနက် ၂နာရီခန့်က ဒါမြို့၏ မြို့ဟောင်းဧရိယာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရှီးယားမွတ်စလင်များသည် Ashura ပွဲတော်နေ့အထိမ်းအမှတ် နှစ်ပတ်လည်စုဝေးမှု စတင်ရန် မြို့တော်ရှိ ရှီးယားအဓိကနေရာ သမိုင်းဝင် ဟူစိန်နီဒါလန်တွင် စုဝေးနေခဲ့ကြသည်။

ရဲတပ်ဖွဲ့ဝင်တို့က အခင်းဖြစ်ရာနေရာမှ လူသုံးဦးကို ဖမ်းဆီးခဲ့သည်။ သို့သော်လည်း ဖြစ်နိုင်ဖွယ်ရှိသည့် တိုက်ခိုက်သူမည်သူမည်ဝါဆိုသည်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုမူ မထုတ်ပြန်သေးပေ။

"ပေါက်ကွဲမှုတွေဟာ လူတွေကို ညထိတ်လန့်အောင် အခြေအနေကို ဖရိုဖရဲဖြစ်အောင်သာ လုပ်ခဲ့တယ်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်"ဟု လျင်မြန်စွာအရေးယူဆောင်ရွက်သည့်တပ်ရင်းမှ ဗိုလ်မှူးကြီး ဇီယောလ်အာဆန်က ပြောသည်။ "မပေါက်ကွဲသေးတဲ့ ဗုံးနှစ်လုံးကိုလည်း ကျွန်တော်တို့ တွေ့ရှိထားပါတယ်။ အဲဒီဟာတွေက ဖောက်ခွဲရေးကိရိယာလိုပါပဲ။ လက်ပစ်ဗုံးတွေနဲ့တူပြီး ဘက်ထရီတွေနဲ့ ဆက်ထားတယ်"ဟုဒေသခံရဲတပ်ဖွဲ့ အကြီးအကဲ အဇီဇူလ်ဟက်က အေအက်ဖ်ပီသို့ ပြောသည်။

ဆေးရုံသို့ ပို့ရသူထဲမှ စိုးရိမ်ရသူရှိသည်ဆိုသည့် သတင်းထွက်ပေါ်မလာခဲ့ပေ။ Ashura ပွဲတော်အတွင်း ရှီးယားမွတ်စလင်များသည် တမန်တော်မိုဟာမက်၏ မြေးတစ်ဦးဖြစ်သူ အိမန်ဟူစိန်သေဆုံးမှုအတွက် ပူဆွေးကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly