ကန်ကြီးထောင့် ဟွာမှုန် အထည်ချုပ်စက်ရုံသုံးပွင့်ဆိုင် ညှိနှိုင်းမှု ဆွေးနွေးပွဲပျက်

ကန်ကြီးထောင့် ဟွာမှုန် အထည်ချုပ်စက်ရုံသုံးပွင့်ဆိုင် ညှိနှိုင်းမှု ဆွေးနွေးပွဲပျက်
ဓာတ်ပုံ - မျိုးမင်းထွန်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၀။         ။ ဧရာဝတီတိုင်းဒေသကြီးကန်ကြီးထောင့်မြို့နယ်ရှိ ဟွာမှုန်အထည်ချုပ်စက်ရုံ အလုပ်သမားခေါင်းဆောင်၊ အလုပ်ရှင်နှင့်  အစိုးရအဖွဲ့တို့ သုံးပွင့်ဆိုင်တွေ့ဆုံးပွဲတွင် အလုပ်ရှင်မလာသည့်အတွက် ဆွေးနွေးပွဲပျက်ခဲ့ကြောင်းသိရသည်။

ဟွာမှုန်အထည်ချုပ်စက်ရုံမှ အလုပ်သမား ၅၀၀ခန့်သည် စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်လှစ်နေသည်မှာ ၁၂ ရက်မြောက်ရှိပြီဖြစ်ကာဒီဇင်ဘာလ ၂၀ရက်တွင် တွေ့ဆုံဆွေးနွေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခေါ်ယူထား သော် လည်းအလုပ်ရှင်ကိုယ်တိုင်လာရောက်ခြင်းမရှိဘဲ ကိုယ်စားလှယ်များသာလာရောက်သည့် အတွက် ဆွေးနွေးမှု ပျက်ခဲ့ခြင်းဖြစ်ကြောင်းအလုပ်သမားခေါင်းဆောင်များထံကသိရသည်။

“ ဒီနေ့သုံးပွင့်ဆိုင်ဆွေးနွေးပွဲကအလုပ်ရှင်ကိုယ်တိုင်မလာပဲကိုယ်စားလှယ်ပဲလာတဲ့အတွက် ထူးခြားတဲ့ တွေ့ဆုံမှုမျိုးမဟုတ်ပါဘူး။ ဒီနေ့ကတိုင်းအစိုးရကခေါ်တာ။ တိုင်းအစိုးရကခေါ်တာတောင် အလုပ်ရှင်ဘက်ကမလာတာ။ ဒီပြဿနာကညှိနှိုင်းဖြေရှင်းလို့ရတဲ့ကိစ္စကိုအစိုးရကိုအလုပ်ရှင်ကမထီမဲ့မြင်လုပ်နေတာလေ။ အစိုးရကလည်းအလုပ်ရှင်ကိုမထိန်းကျောင်းနိုင်ဘူး။” ဟုအလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သည့် မခခကပြောသည်။

အလုပ်သမားများတောင်းဆိုသည့် ဖယ်ရီကိစ္စ၊ HR မန်နေဂျာကိုအလုပ်ထုတ်ပေးရန်၊ လုပ်သက်ကြေးသတ်မှတ်ပေးရန်၊ ဆုကြေးငွေ ချီးမြှင့်ပေးရန် စသည့်အချက် လေးချက်မှာပြေလည်မှုမရှိသေးသည့် အတွက် သပိတ်စ ခန်းဖွင့်လှစ်ကာတောင်းဆိုမှုများလုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။

အလုပ်ရှင်နှင့်တွေ့ဆုံးညှိနှိုင်းရန်အတွက် ဒီဇင်ဘာလ ၁၂ရက်နှင့် ၁၄ ရက်များတွင် ညှိနှိုင်းရန် တောင်းဆိုမှုများရှိခဲ့သော်လည်း အလုပ်ရှင်ဘက်ကမလာသည့်အတွက် ဆွေးနွေးမှုမှာ လက်ရှိအချိန်ထိအအောင်မြင်သေးသည့် အခြေအနေဖြစ်ကြောင်း အလုပ်သမား ခေါင်းဆောင်များထံကသိရသည်။

“ တွေ့ဆုံဆွေးနွေးပွဲကအလုပ်ရှင်ဘက်ကသူဌေးမလားတဲ့အတွက် စက်ရုံကိုယ်စားပြုတဲ့သူတွေကအလုပ်သမားသမဂ္ဂတွေတောင်းဆိုတဲ့ဟာတွေကိုဆုံးဖြတ်ချက်ချလို့မရဘူး။ ဧရာဝတီတိုင်းမှာပုသိမ်စက်မှုဇုန်ရှိတယ်။

ဒီစက်မှုဇုန်တွေကတစ်သွေးတည်းတစ်သံတည်းဆိုရင် ပိုအဆင်ပြေမယ်။ ခုံသမာဓိကလည်းစက်ရုံကိုယ်စားလှယ်တွေနဲ့ ဘယ်ဟာတွေကပေးသင့်တယ် ဘယ်ဟာတွေကမပေးသင့်ဘူးတိုတဲ့အခါကျတော့ အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ဆုံးရှုံးတယ်။ ဆွေးနွေးပွဲကပျက်တယ်လို့ပဲပြောရမယ်။ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စပါ” ဟု ကန်ကြီးထောင့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းရွှေလှကြိုင် ကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီးအလုပ်သမားများက ပုသိမ်မြို့တွင် ဒီဇင်ဘာလ ၂၂ရက်နံနက်ပိုင်း၌  ဆန္ဒဖော်ထုတ်ရန် သက်ဆိုင်ရာသို့ တင်ပြပြီးဖြစ်ကြောင်းအလုပ်သမားများထံကသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required