ပြည်ပရောက်ထိုင်းများ အွန်လိုင်းတွင် မဲပေးနိုင်တော့မည်

ပြည်ပရောက်ထိုင်းများ အွန်လိုင်းတွင် မဲပေးနိုင်တော့မည်

ထိုင်းနိုင်ငံက ပြည်ပရောက်နိုင်ငံသားများအား လာမည့်အထွေထွေရွေးကောက်ပွဲတွင် အွန်လိုင်းမှတစ်ဆင့် မဲပေးနိုင်တော့မည်ဖြစ်ကြောင်း၊ ပြည်ပရောက်မဲများ မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ချက် တစ်ရပ်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၂ ရက်တွင်ပြောသည်။

ထိုင်းနိုင်ငံက ပြည်ပရောက်နိုင်ငံသားများအတွက် အွန်လိုင်းမှတ်ပုံတင်ကာ မဲပေးနိုင်ခြင်း နားလည်မှုစာချွန်လွှာကို အောက်တိုဘာ ၂၂ ရက်တွင် ရွေးကောက်ပွဲကော်မရှင် အထွေထွေအတွင်းရေးမှူး ပူချွန်းနူထရာဝေါင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်နယ်ဆိုင်ရာ စီမံခန့်ခွဲရေး ညွန်ကြားရေးမှူးချုပ် အာသစ်ဘွန်းယာဆိုပတ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာ ညွန်ကြားရေးမှူးချုပ် တွန်ချိုင်းချာဆာဝတ်တို့က လက်မှတ်ရေးထိုးခဲ့ဲကြခြင်းဖြစ်သည်။

အွန်လိုင်းမှတ်ပုံတင်ခြင်းက အွန်လိုင်းမဲပေးခြင်းများကို မြင့်တက်စေမည်ဖြစ်ပြီး ယခင်က မဲပေးပုံထက် ပိုမို အဆင်ပြေစေမည်ဖြစ်သည်။ ပြည်ပရောက်ထိုင်းများအနေဖြင့် မဲပေးရန်အတွက် လိုအပ်သည်များကို ဖြည့်စွက်ကာ မေးလ်စာရွက်ပုံစံဖြင့် မဲစာရင်းလျှောက်ထားရမည်ဖြစ်သည်။

အွန်လိုင်းတွင် ဦးစွာမှတ်ပုံတင်ခြင်းသည် အွန်လိုင်းမဲပေးမှုအတွက် ပထမလုပ်ဆောင်ရမည့် ခြေလှမ်းဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်နာ ဆွမ်ချိုင်းသရီဆုသီယာကွန်းက ပြောသည်။

"အွန်လိုင်းမှတ်ပုံတင်ခြင်းက ပြည်ပရောက်ထိုင်းနိုင်ငံသားများအတွက် ၎င်းတို့ ရောက်နေတဲ့ နိုင်ငံမှာ နိုင်ငံရေး မငြိမ်မသက်ဖြစ်နေရင်တောင် မဲပေးနိုင်တဲ့ အခွင့်အရေး မဆုံးရှုံးစေးနိုင်ပါဘူး။"ဟု ဆွမ်ချိုင်းက ပြောသည်။

အွန်လိုင်းမဲဆန္ဒရှင်မှတ်ပုံတင်ခြင်းကို ဒီဇင်ဘာ ၁၅ ရက်တွင် စတင်ကာ လာည်ရွေးကောက်ပွဲမတိုင်မီ ရက် ၃၀ အလိုအထိ တိုင်အောင် ဖွင့်လှစ်မည်ဖြစ်ကာ မှတ်ပုံတင်လျှောက်ထားနိုင်မည်ဖြစ်သည်။ ထိုင်းနိုင်ငံက အထွေထွေရွေးကောက်ပွဲကို ၂၀၁၇ နှစ်လပိုင်ခန့်တွင် ကျင်းပမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ခန့်မှန်းခြေအားဖြင့် ပြည်ပရောက် မဲပေးနိုင်သည့် ထိုင်းနိုင်ငံသားပေါင်းမှာ နှစ်သန်း ဝန်းကျင်ရှိနေပြီး ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ၄၀၀၀၀ မှ ၇၀၀၀၀ ဝန်းကျင်သာလျှင် မဲပေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly