မလေးရှားတွင် အနိမ့်ဆုံးလစာ တိုးမြင့်မည်

မလေးရှားတွင် အနိမ့်ဆုံးလစာ တိုးမြင့်မည်

ကမ္ဘာ့စီးပွားရေးမရေရာမှုများကြား မလေးရှားနိုင်ငံ၏ လာမည့်နှစ် စီးပွားရေးဖွံ့ဖြိုးမှုက နှေးကွေးနိုင်သည့် အခြေအနေရှိနေစဉ် ဝန်ကြီးချုပ်နာဂျစ်ရာဇက်က အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ပေးရေး လုပ်ဆောင်လျက်ရှိသည်။

ယခုနှစ် မလေးရှားစီးပွားရေးဖွံ့ဖြိုးမှုနှုန်းက ၄ ဒသမ ၅ နှင့် ၅ ဒသမ ၅ ရာခိုင်နှုန်းကြားရှိနိုင်သော်လည်း ၂၀၁၆ တွင် ၄ မှ ၅ ရာခိုင်နှုန်းကြား နှေးကွေးသွားဖွယ်ရှိသည်ဟု ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူထားသူ နာဂျစ်ကပြောပြီး အောက်လွှတ်တော်သို့လည်း ရသုံးမှန်းခြေဘတ်ဂျတ်စာရင်းကို တင်ပြထားသည်။

၂၀၁၄ ခုနှစ်က မလေးရှား၏ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုသည် ၆ ရာခိုင်နှုန်း နီးပါးရှိခဲ့သည်။

"ကျွန်တော်တို့ သတိထားရမှာက ကမ္ဘာ့စီးပွားရေးနှေးကွေးခြင်းအပေါ်မှာပါ။ ကုန်စည်ဈေးနှုန်းတွေ ကျနေတာ၊ ရေနံစိမ်းဈေး၊ စားအုန်းဆီနဲ့ ရော်ဘာဈေးတွေကျဆင်းပြီး ရင်းဂစ်ဈေးတန်ဖိုးလျှော့ လာတာတွေအပြင် အဓိကစီးပွားရေးဖွံ့ဖြိုးမှုခြေလှမ်းတွေ နှေးကွေးလာတာကိုလည်း ထည့်တွက်ရမှာဖြစ်ပါတယ်။"ဟု နာဂျစ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly