2NE1 အဖွဲ့ဝင် C L ဆောင်မင်ဟိုနဲ့ တွဲနေတယ်ဆိုတဲ့ ကောလဟာလ သတင်းမှာ မဟုတ်မှန်ကြောင်း အေဂျင်စီဆို

2NE1 အဖွဲ့ဝင် C L ဆောင်မင်ဟိုနဲ့ တွဲနေတယ်ဆိုတဲ့ ကောလဟာလ သတင်းမှာ မဟုတ်မှန်ကြောင်း အေဂျင်စီဆို

တောင်ကိုရီးယား အမျိုးသမီးအဆိုတော် အဖွဲ့ 2NE1 အဖွဲ့ဝင် C L သည် WINNER အဖွဲ့ဝင် ဆောင်မင်ဟိုနှင့် တွဲနေသည့်ဆိုသည့် သတင်းမှာ ကောလဟာလ သတင်းသာဖြစ်ကြောင်း YG  Entertainment က အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ပြည်တွင်းသတင်း မီဒီယာများက CL နှင့် ဆောင်မင်ဟိုတို့သည် တွဲနေကြကြောင်း အောက်တို ဘာ ၂၂ ရက် မနက်အစောပိုင်းက သတင်း ထုတ်ပြန်ခဲ့သည်။ သတင်းမီဒီယာများက ဖိလစ်ပိုင်ရှိ ဟိုတယ်တစ်ခု တည်းတွင် ၎င်းတိုနှစ်ဦး ဝတ်စုံဆင်တူ ဝတ်ဆင်ထားသည့် ဓာတ်ပုံများကို ဖော်ပြခဲ့ သည်။

ဓာတ်ပုံများဖော်ပြခံရပြီးနောက် မကြာမီ အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက “ ဒီသတင်းဟာ မမှန်ကန်ပါဘူး။ ကောလဟာလသတင်းသာ ဖြစ်ပါတယ်။သူတို့နှစ်ဦး တွဲနေတယ်ဆိုတာ မဟုတ်ပါဘူး” ဟုပြောကြား ခဲ့သည်။ ပြီးခဲ့သည့်နှစ်က ကျင်းပပြုလုပ်သော 2NE1 ၏ ကမ္ဘာလှည့် ဖျော်ဖြေပွဲတွင်  WINNER အဖွဲ့ကို အထူးဧည့်သည်အဖြစ် ဖိတ်ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly