BreadTalk ရဲ့ ငါးဆိုင်မြောက် ဆိုင်ခွဲသစ် Junction Centre (Mawtin) တွင် ထပ်မံဖွင့်လှစ်

BreadTalk ရဲ့ ငါးဆိုင်မြောက် ဆိုင်ခွဲသစ် Junction Centre (Mawtin) တွင် ထပ်မံဖွင့်လှစ်

(Advertorial) BreadTalk ဟာ စင်ကာပူနိုင်ငံမှ စတင်လိုက်တဲ့ Bakery လုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ Brand တစ်ခုဖြစ်ပါတယ်။ ပေါင်မုန့်လောကတွင် အလွှမ်းမိုးနိုင်ဆုံးဖြစ်နေတဲ့ BreadTalk ဟာ မြန်မာနိုင်ငံမှာ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ငါးဆိုင်မြောက်ဆိုင်ခွဲသစ်ကို Junction Centre (Mawtin) တွင်ထပ်မံဖွင့်လှစ်လိုက်ပါပြီ။

ပေါင်မုန့်ကြိုက်သူတွေကြားထဲမှာ ရေပန်းစားလှတဲ့ BreadTalk ဟာ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်ကုန်ကြမ်းတွေကိုသုံးထားပြီး အရသာစုံ၊ ပုံစံအမျိုးစုံရှိတဲ့ ပေါင်မုန့်နဲ့ ကိတ်မုန့်တွေကို ဖန်တီးထုတ်လုပ်ထားပါတယ်။ ဒါ့အပြင် Flosss၊ Sausage Standard နဲ့ Toast တွေကတော့ BreadTalk ရဲ့နာမည်ကြီးလူကြိုက်အများဆုံးမုန့်များပဲဖြစ်ပါတယ်။

ယခုဖွင့်လှစ်ထားသော Junction Centre (Mawtin) ဆိုင်အသစ်တစ်နေရာတည်း တွင်သာရရှိနိုင်မယ့် အရသာထူးကဲကောင်းမွန်တဲ့ Lava Flosss မုန့်အသစ်လေးကိုလည်း မိတ်ဆက်ပေးလိုပါတယ်။ ပေါင်မုန့်အပြင်သားမှာ ဝက်သားမျှင်လေးများနဲ့ ဆားဘဲဥအနှစ်ခရင်(မ်)တို့ ပေါင်းစပ်ထားတဲ့အရသာကို ခံစားနိုင်မယ့် Lava Flosss လေးကို ဆိုင်သစ်မှာ လာရောက်မြည်းစမ်းကြည့်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်။

BreadTalk ရဲ့ ကောင်းမွန်တဲ့အရသာ၊ တူညီတဲ့ အစားအသောက်တီထွင်ဖန်တီးမှုတွေနဲ့ ဝန်ဆောင်မှုတွေကို BreadTalk Myanmar ဆိုင်ခွဲအားလုံးမှာ တစ်သားတည်းဖြစ်အောင်ပြင်ဆင်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး BreadTalk ဆိုင်ကို ရန်ကုန်မြို့က Junction City ၊ ဒုတိယဆိုင်ခွဲကို Junction Square၊ တတိယဆိုင်ခွဲကို Myanmar Plaza၊ စတုတ္ထမြောက် ဆိုင်ခွဲကို လှည်းတန်း၊ ရန်ကုန်အင်းစိန်လမ်းမကြီးနဲ့ ယခုပဉ္စမမြောက် ဆိုင်ခွဲအသစ်ကို  005-007, Level-1, Junction Centre (Mawtin)၊ အနော်ရထာလမ်းနဲ့ လမ်းသစ်လမ်းထောင့်၊ လမ်းမတော်မြို့နယ် ဖွင့်လှစ်ထားပြီဖြစ်ကြောင်း ပေါင်မုန့်စားသုံးနှစ်သက်သူတွေကို သတင်းကောင်းလေး ပါးလိုက်ရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly