ဒီဇင်ဘာ ၁၆။ ။ ဆော်ဒီအာရေဗျနိုင်ငံမှ အိမ်ထောင်စုများသည် ထမင်းကို အဓိကအစားအစာအဖြစ် စားသုံးကြပြီး ဘဲဥပုံလင်ပန်းများဖြင့် အပြည့်အမောက်ထည့်စားလေ့ရှိကြသည်။ သို့ရာတွင် တစ်တိတစ်တိသာစားပြီး ပန်းကန်တစ်ဝက်မျှပင်မကုန်ဘဲ အများစုမှာ အမှိုက်ပုံးထဲရောက်သွားကြသည်။
စွန့်ဦးတီထွင်သူတစ်ဦးဖြစ်သည့် မာရှယ်အယ်လ်ခါရာရှီက ထမင်းအလဟဿဖြစ်မှုသက်သာစေရန် ပန်းကန်၏ အလယ်ဗဟိုတွင် တောင်ပူစာပုံအမောက်ကလေးလုပ်ပြီး ဝင်ဆံ့သည့်ပမာဏကိုလျှော့ချခြင်းဖြင့် အဆိုပါ ပြဿ နာကို ဖြေရှင်းခဲ့သည်။
“ဒီလိုပုံစံလုပ်လိုက်တာ ဖြုန်းတီးမှုကို ၃၀ ရာခိုင်နှုန်းလောက် သက်သာစေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကဆိုရင် ဆော်ဒီစားသောက်ဆိုင်တွေမှာ ထမင်းတန်ပေါင်း ၃၀၀၀ လောက် စွန့်ပစ်ရသက်သာစေခဲ့ပါတယ်” ဟု အယ်လ်ခါ ရာရှီက ဆိုသည်။
ဆော်ဒီအာရေဗျနိုင်ငံသည် စိုက်ပျိုးနိုင်သောမြေနှင့် ရေအရင်းအမြစ်ရှားပါးမှုတို့ကြောင့် အစားအသောက်လိုအပ်ချက်အတွက် ပြည်ပမှသွင်းကုန်များကို များစွာအားကိုးနေရသည်။ စားသောက်ဆိုင်များ၊ အခမ်းအနားများနှင့် ပွဲတော်များတွင် စားသုံးသူများကို လိုအပ်သည်ထက် ကျွေးမွေးဧည့်ခံသောကြောင့် ထိုသို့ အလဟဿဖြစ်ရခြင်းဖြစ်သည်။
ဆော်ဒီအာရေဗျသည် ကမ္ဘာတွင် အစားအသောက်စွန့်ပစ်ဖြုန်းတီးမှု အများဆုံးနိုင်ငံဖြစ်ကြောင်း ပတ်ဝန်းကျင်၊ ရေနှင့်စိုက်ပျိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/