မက္ကဆီကိုတွင် အနည်းဆုံး လူ ၅၀ ခန့် မြှုပ်ထားသည့် သင်္ချိုင်းတွင်းတစ်ခု တွေ့ရှိ

မက္ကဆီကိုတွင် အနည်းဆုံး လူ ၅၀ ခန့် မြှုပ်ထားသည့် သင်္ချိုင်းတွင်းတစ်ခု တွေ့ရှိ

ဒီဇင်ဘာ ၁၆။             ။ မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း ဂွာဒါလာဟာရာမြို့တွင် အနည်းဆုံး လူ ၅၀ ခန့် မြှုပ်ထားသည့် သင်္ချိုင်းတွင်း တစ်ခု တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။

လူအစုလိုက် အပြုံလိုက် မြှုပ်နှံထားသည့် အဆိုပါတွင်းကို အစီအစဉ်တကျ ကျူးလွန်ခဲ့သော အကြမ်းဖက်မှုများ ဖြစ်ပွားရာ ဟာလစ်စကိုရပ်ကွက်တွင် လွန်ခဲ့သည့် သုံးပတ်ခန့်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူများထဲမှ အမျိုးသား ၁၂ ယောက်နှင့် အမျိုးသမီး ၁ ယောက်တို့ကို အတည်ပြုနိုင်ခဲ့သည့် ရုပ် အလောင်းများကို သက်ဆိုင်ရာ မိသားစုများထံ ပြန်လည်လွဲအပ်လိုက်ကြောင်း ဒေသန္တရမှုခင်းဌာနက ဒီဇင်ဘာ ၁၄ ရက်တွင်  ပြောခဲ့သည်။ ကျန်ရှိနေသေးသည့် ရုပ်အလောင်းများကိုလည်း အတည်ပြု သတ်မှတ်နိုင်ရန် ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ ဂွာဒါလာဟာရာမြို့ရှိ ဆင်ခြေဖုံးတွင် စက်တင်ဘာ ၃ ရက်ကလည်း လူ ၃၄ ဦး မြှုပ်နှံထားသည့် တွင်း တစ်တွင်းနှင့် မေလတွင် လူ ၃၀ မြှုပ်ထားသော နောက်ထပ် တွင်းတစ်တွင်းကို တွေ့ရှိခဲ့သေးသည်။

ဟာလစ်စကို မျိုးဆက်သစ်ဟု အမည်ရသော မက္ကဆီကို ရာဇဝတ်သားများအဖွဲ့ အခြေစိုက်သည့် ဟာလစ်စကို မြို့တွင် ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ လူသတ်မှုပေါင်း ၂၅၀၀ ခန့် ကျူးလွန်ခဲ့ကြောင်း ဒေသ အာဏာ ပိုင်များ၏ အဆိုအရ သိရသည်။  

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly