ဒီဇင်ဘာ ၁၅။ ။ ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် မြန်မာ့ ဗုဒ္ဓဘာသာ ရိုးရာ ကမဝါ ၊ ပိဋကတ် စသည်တို့ကို မှတ်တမ်းတင်ထားသည့် "စာစီကြိုး" စာအုပ်ကို မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံအမတ်ကြီး Vanessa Chan က ရေး သားပြုစုခဲ့ပြီး စာအုပ်မိတ်ဆက်ပွဲကို ကျင်းပခဲ့သည်။
စာအုပ် အမည်အပြည့်အစုံမှာ "Sasikyo: Woven Buddhist Ribbons of Myanmar" " ဖြစ်ပြီး ထိုစာအုပ်အား ဒီဇင်ဘာလ ၁၄ ရက် ညနေခင်းက Myanmar Book Centre တွင် မိတ်ဆက်ပွဲနှင့် ရောင်းချပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် စာစီကြိုး အား "နိုင်ငံခြားသား ခရီးသွားဧည့်သည်များအတွက် သာမဟုတ်ပဲ ဘာသာရပ်တခုအနေဖြင့် တကယ်အလေးထား" လေ့လာသင့်သည် ၊သံအမတ်ကြီး Mrs. Vanessa Chan က စာအုပ်မိတ်ဆက်ပွဲ မိန့်ခွန်းတွင် ထည့်သွင်း ပြောသည်။
စာစီကြိုး ယက်လုပ်ခဲ့သည့် မြန်မာ့သမိုင်းတွင် နောက်ဆုံး ဟု သတ်မှတ်ခံထားရသည့် လူ ပုဂ္ဂိုလ်မှာ ၁၉ ၉ ၄ ခုနှစ်က မန်းတလေးမြို့တွင် ကွယ်လွန်ခဲ့သည်။ ထိုပညာရပ်နှင့် ပတ်သက်ပြီး တိမ်ကောပျောက်ကွယ်လု ဖြစ်နေ သည့်အချိန်တွင် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်တွင် မင်းပြားတွင်ရှိသည့် တောင်ပိုင်း ချင်း အနွယ်ဝင် မိုင်နီနီအောင် ဦးဆောင်သည့် လူမှုအဖွဲ့အစည်းတခုအား ရိုးရာ ယက္ကန်းနည်းပညာဖြစ့် ထုတ်လုပ်နိုင်ရင် သံအမတ်ကြီးမှ ငွေကြေး နှင့် နည်းပညာ အကူအညီပေးနိုင်ခဲ့သည်။
ထိုလူမှုအဖွဲ့အစည်းအား ချင်းလူမျိုးများထဲမှ မျိုးနွယ်တခုဖြစ်သည့် ဆုန်တူး (Sone-Tu) ချင်း ကျောင်းသား ကျောင်းသူများနှင့် ဖွဲ့စည်းထားနိုင်ခဲ့ပြီး ယနေ့အချိန်အထိ ရခိုင်ပြည်နယ် မင်းပြား ၊ ကျောက်ဖြူ ၊ မြေပုံ နှင့် အန်း မြို့နယ်များတွင် တဖြည်းဖြည်း လုပ်ငန်းအောင်မြင်လာခဲ့ပြီး ရန်ကုန်မြို့တွင်ပါ ချင်းရိုးရာ နှင့် စာစီကြိုး များပါ ရောင်းချပေးနေသည်။
"ရိုးရာလက်မှု အနုပညာတွေဆိုတာ လူတွေက လူ့အဖွဲ့အစည်းက တန်ဖိုးထားမှသာ ရေရှည်တည်တံ့နိုင်မှာသာ ဖြစ်ပါတယ်" ဟု သံအမတ်ကြီး Mrs. Chan က "ဒီယက်ကန်းကနေ ဗုဒဘာသာ အမွေအနှစ်တွေကို ရက်လုပ်တဲ့ နည်းပညာဟာ ဒီကနေ့အချိန်မှာ လူတွေက တန်ဖိုးထားမှု နည်းသထက် နည်းလာနေပါတယ်" မနေ့က စာအုပ်မိတ်ဆက်ပွဲတွင် သံအမတ်ကြီး Mrs. Vanessa Chan က ပြောသည်။
စာစီကြိုး ကို ပေစာထုတ်ကြိုး ၊ စာပုလွေကြိုး စသဖြင့် ဒေသအလိုက် အခေါ်အဝေါ် အမျိုးမျိုးခေါ်ကြသည်ဟု သိရှိရသည်။ ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် စာစီကြိုး အား "နိုင်ငံခြားသား ခရီးသွားဧည့်သည်များအတွက် သာမဟုတ်ပဲ ဘာသာရပ်တခုအနေဖြင့် တကယ်အလေးထား" လေ့လာသင့်သည် ၊သံအမတ်ကြီး Mrs. Vanessa Chan က စာအုပ်မိတ်ဆက်ပွဲ မိန့်ခွန်းတွင် ထည့်သွင်း ပြောသည်။
စာစီကြိုး ယက်လုပ်ခဲ့သည့် မြန်မာ့သမိုင်းတွင် နောက်ဆုံး ဟု သတ်မှတ်ခံထားရသည့် လူ ပုဂ္ဂိုလ်မှာ ၁၉ ၉ ၄ ခုနှစ်က မန်းတလေးမြို့တွင် ကွယ်လွန်ခဲ့သည်။ ထိုပညာရပ်နှင့် ပတ်သက်ပြီး တိမ်ကောပျောက်ကွယ်လု ဖြစ်နေ သည့်အချိန်တွင် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်တွင် မင်းပြားတွင်ရှိသည့် တောင်ပိုင်း ချင်း အနွယ်ဝင် မိုင်နီနီအောင် ဦးဆောင်သည့် လူမှုအဖွဲ့အစည်းတခုအား ရိုးရာ ယက္ကန်းနည်းပညာဖြစ့် ထုတ်လုပ်နိုင်ရင် သံအမတ်ကြီးမှ ငွေကြေး နှင့် နည်းပညာ အကူအညီပေးနိုင်ခဲ့သည်။
ထိုလူမှုအဖွဲ့အစည်းအား ချင်းလူမျိုးများထဲမှ မျိုးနွယ်တခုဖြစ်သည့် ဆုန်တူး (Sone-Tu) ချင်း ကျောင်းသား ကျောင်းသူများနှင့် ဖွဲ့စည်းထားနိုင်ခဲ့ပြီး ယနေ့အချိန်အထိ ရခိုင်ပြည်နယ် မင်းပြား ၊ ကျောက်ဖြူ ၊ မြေပုံ နှင့် အန်း မြို့နယ်များတွင် တဖြည်းဖြည်း လုပ်ငန်းအောင်မြင်လာခဲ့ပြီး ရန်ကုန်မြို့တွင်ပါ ချင်းရိုးရာ နှင့် စာစီကြိုး များပါ ရောင်းချပေးနေသည်။
"ရိုးရာလက်မှု အနုပညာတွေဆိုတာ လူတွေက လူ့အဖွဲ့အစည်းက တန်ဖိုးထားမှသာ ရေရှည်တည်တံ့နိုင်မှာသာ ဖြစ်ပါတယ်" ဟု သံအမတ်ကြီး Mrs. Chan က "ဒီယက်ကန်းကနေ ဗုဒဘာသာ အမွေအနှစ်တွေကို ရက်လုပ်တဲ့ နည်းပညာဟာ ဒီကနေ့အချိန်မှာ လူတွေက တန်ဖိုးထားမှု နည်းသထက် နည်းလာနေပါတယ်" မနေ့က စာအုပ်မိတ်ဆက်ပွဲတွင် သံအမတ်ကြီး Mrs. Vanessa Chan က ပြောသည်။
စာစီကြိုး ကို ပေစာထုတ်ကြိုး ၊ စာပုလွေကြိုး စသဖြင့် ဒေသအလိုက် အခေါ်အဝေါ် အမျိုးမျိုးခေါ်ကြသည်ဟု သိရှိရသည်။
စာအုပ်မိတ်ဆက်ပွဲအား ယဉ်ကျေးမှု နှင့် သာသနာရေးဝန်ကြီးဌာန ဝန်ကြီး သူရဦးအောင်ကို နှင့် သံတမန်များ မိတ်ဆွေများ တက်ရောက်ခဲ့သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/