AA အတွက် စစ်သားစုဖို့ အခက်အခဲမရှိဘူး အခက်အခဲက လက်နက်ခဲယမ်း

15 December 2019
AA အတွက် စစ်သားစုဖို့ အခက်အခဲမရှိဘူး အခက်အခဲက လက်နက်ခဲယမ်း

မဇ္စျိမ

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို အကောင်အထည်ဖော် လာခဲ့သည်မှာ လေးနှစ်ကျော်ခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း NCA စာချုပ်ပါ သဘောတူညီချက်များ အကောင်အထည် ဖော်ရာမှာတော့ အားနည်းနေသည်ကို တွေ့ရှိရပါသည်။

ဥပမာ- အခန်း (၃-၄-၆)ပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ရာမှာ အငြင်းပွားနေကြသလို တချို့ ကိစ္စ ရပ်များ အကောင်အထည်ဖော်မှုများ မလုပ်နိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။ တဖက်မှာလည်း NCA စာချုပ်မှာ ပါဝင် လက်မှတ် ရေးထိုးလာနိုင်ရန်အတွက် မြောက်ပိုင်းလေးဖွဲ့ KIA၊ TNLA၊ MNDAA၊ AA တို့ဖြင့် အစိုးရ ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း တိုးတက်မှုမရှိဘဲ ဖြစ်နေသည်။

ဆွေးနွေးမှု တိုးတက်မှုမရှိသည့် တခြားတဖက်မှာလည်း ရခိုင်ပြည်နယ်ထဲမှာ AA နှင့် တပ်မတော်ကြား တိုက်ပွဲ များဖြစ်နေသည်။ ထိုတိုက်ပွဲများကို မရပ်တန့်နိုင်ပါက ရခိုင်ပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးက လည်း အခက် အခဲများ ဖြစ်လာနိုင်ခြင်းကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ပါက မည်သူများ နစ်နာနိုင်သလဲ မေး ခွန်းထုတ်စရာများ ဖြစ်လာသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ(MIPS)မှ အလုပ်အမှုဆောင် ညွန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးကို မဇ္စျိမ မီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်းက တွေ့ဆုံ မေးမြန်း ထားပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly