ပြင်သစ် အနောက်တောင်ပိုင်းတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေ

ပြင်သစ် အနောက်တောင်ပိုင်းတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေ

ဒီဇင်ဘာ ၁၅။            ။ ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ဒေသအတော်များများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ရာသီဥတု သတိပေးချက် ထုတ်ပြန်ထားရကြောင်း သိရသည်။

လေပြင်း မုန်တိုင်းတိုက်ပြီး ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်၍ ယင်း ဒေသများတွင် နေအိမ်ပေါင်း ၄၀,၀၀၀ ခန့်လည်း လျှပ်စစ်မီး ပြတ်တောက်လျက် ရှိသည်။

ရေကြီးရေလျှံမှုများအတွင်း အနည်းဆုံး လူတစ်ဦး သေဆုံးပြီး အခြားတစ်ဦး ပျောက်ဆုံးနေကာ လူငါးဦး ထိခိုက်ဒဏ်ရာရရှိထားသည်ဟု သိရသည်။

ရာသီဥတု ဆိုးရွားမှုကြောင့် ဧရိယာနယ်ပေါင်း ၁၁ ခုတွင် ဒီဇင်ဘာ ၁၄ ရက် ညနေခင်းအထိ လိမ္မော်ရောင် သတိပေးချက် ထုတ်ပြန်ထားရကြောင်း သိရသည်။

နိုင်ငံ အနောက်တောင်ပိုင်းတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေပြီး ရေလယ်ဗယ်သည် ကိုးပေ နီးပါးအထိ တက်နေလျက်ရှိစဉ် ကယ်ဆယ်ရေးသမားများကလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြရလျက် ရှိသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly