နှစ်ဘက်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃၀ ဘီလျံအထိ တိုးမြင့်ရန် ထိုင်းနှင့် မလေးရှား သဘောတူ

နှစ်ဘက်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃၀ ဘီလျံအထိ တိုးမြင့်ရန် ထိုင်းနှင့် မလေးရှား သဘောတူ

ဘန်ကောက်၊ အောက်တိုဘာ ၂၃ ။           ။ ထိုင်းနှင့် မလေးရှားတို့သည် နှစ်ဘက်ကုန်သွယ်မှု လက်ရှိ အမေရိကန် ဒေါ်လာ ၂၅ ဘီလျံမှ ဘီလျံ ၃၀ အထိမြင့်တင်ရန် သဘောတူညီလိုက်ပြီဖြစ်သည်။

လွန်ခဲ့သည့် နှစ်ရက်အတွင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သော နှစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မရှင်၏ ၁၃ ကြိမ်မြောက်အစည်းအဝေးနှင့် နှစ်နိုင်ငံကြား နယ်စပ်ဒေသများ ဖွံ့ဖြိုးရေး မဟာဗျူဟာ စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့်ဆွေးနွေးပွဲတွင် ကုန်သွယ်မှုမြင့်တင်ရန် သဘောတူခဲ့ခြင်းဖြစ်သည်ဟု အစည်းအဝေးများ တက်ရောက်ခဲ့သော ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဒဝီနိုင်က ပြောသည်။

ကုန်းလမ်းမှတဆင့် ထိုင်းမှဆန်များဝယ်ယူရန်လည်း မလေးရှားကို တောင်းဆိုခဲ့ပြီး ဟာလာလ်စားသောက်ကုန်လုပ်ငန်းများတွင် ပူးတွဲရင်းနှီးမြုပ်နှံရန်လည်း နှစ်နိုင်ငံက သဘောတူညီခဲ့သည် ၎င်းက ပြောကြားခဲ့သည်။

ဆောင်ခလာပြည်နယ်၏ ဆာဒေါင်ခရိုင်ကို အထူးစီးပွားရေးဇုန်ငါးခုအနက် တစ်ခုအဖြစ်ဆောင်ရွက်ပြီးနောက် နယ်စပ်ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုကို မြင့်တင်မည်ဖြစ်ကြောင်းလည်း ၎င်းကပြော သည်။ဆောင်ခလာ၏ ဟတ်ယိုင်ခရိုင်ရှိ တမ်ဘွန်ချာလန်တွင် ရာဘာသုတေသနစင်တာတစ်ခုကို ထိုင်းက ထူထောင်နေရာ ရာဘာနှင့်ပတ်သက်၍ အသိပညာဖလှယ်ရန်လည်း မလေးရှားကိုတောင်းဆို မည်ဟု ထိုင်းကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly