တရုတ်-မြန်မာဆက်ဆံရေးလေ့လာရာတွင် အထောက်အပံ့ရရန် ISP China Desk ဝက်ဘ်ဆိုက် မိတ်ဆက်

တရုတ်-မြန်မာဆက်ဆံရေးလေ့လာရာတွင် အထောက်အပံ့ရရန် ISP China Desk ဝက်ဘ်ဆိုက် မိတ်ဆက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ။         ။ တရုတ်-မြန်မာဆက်ဆံရေးကို လေ့လာသည့်အခါ အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးနှင့် မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များအား  တစ်စုတစ်စည်းတည်းဝင်ရောက်ကြည့်ရှုနိုင်မည့် ISP China Desk ဝက်ဘ်ဆိုက် မိတ်ဆက်သည့် အခမ်းအနားကို ဒီဇင်ဘာ ၁၄ရက်နေ့က ဝန်ကြီးများရုံးတွင် ပြုလုပ်ခဲ့သည်။

"ကျွန်မတို့ရဲ့ ရည်ရွယ်ချက် သုံးခုရှိပါတယ်။ ပထမဆုံးကတော့ တရုတ်-မြန်မာဆက်ဆံရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပံ့ပိုးနိုင်ဖို့ပါ။ ဒုတိယတစ်ခုကတော့ ဒီပေါ်မှာမူတည်ပြီးတော့မှ သတင်းအချက်အလက်ရရှိမှုပေါ်မှာ မူတည်ပြီးတော့မှ ပိုပြီးတော့ ကျယ်ပြန့်တဲ့ဆွေးနွေးမှုတွေ ပေါ်ပေါက်လာဖို့ပါ။ နောက်တစ်ချက်အနေနဲ့ကတော့ ဒီကနေပြီးတော့မှ တစ်ဆင့် မူဝါဒ အကြံပြုချက်ရေးဆွဲမှုတွေကတစ်ဆင့် ဘက်မညီတဲ့ တရုတ်-မြန်မာဆက်ဆံရေးကို အတတ်နိုင်ဆုံး ကိုယ့်ဘက်ကနေ အားသာချက်တွေရရှိဖို့မျှော်လင့်ပါတယ်" ဟု ISP China Desk မှ အယ်ဒီတာချုပ်ဖြစ်သူ မခင်ခင်ကျော်ကြီးက ပြောသည်။

သုတေသနလုပ်သည့်အခါမျိုးတွင် သတင်းအချက်အလက်ရရှိမှုနှင့်ပတ်သက်၍ အခက်အခဲများရှိသည်ဟု သိရသည်။

တရုတ်နိုင်ငံတွင် ပြုလုပ်သည့် သတင်းမီဒီယာဆွေးနွေးပွဲများနှင့် မြန်မာနိုင်ငံက လုပ်သည့် သတင်းမီဒီယာဆွေးနွေးပွဲများတွင် သတင်းမီဒီယာနှင့်ပတ်သက်၍ အတူတကွပူးပေါင်းဆောင်ရွက်မည်ဆိုသည့် ရည်ရွယ်ချက်ရှိသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။

"တရုတ်ရေးရာကော်မတီကို ကျွန်တော်တို့သေသေချာချာဖွဲ့သင့်ပြီ တရုတ်ပြည်နဲ့ပတ်သက်တဲ့ သုတေသနလုပ်ငန်းတွေကို သေသေချာချာလုပ်နိုင်တဲ့ ရေးရာကော်မတီတစ်ခုကိုတော့ အကောင်အထည်ဖော်ဖို့လိုပြီဆိုတာကို အကြိမ်ပေါင်းများစွာတိုက်တွန်းခဲ့ပါတယ်" ဟု မုံရွာအောင်ရှင်က ပြောသည်။

တရုတ်-မြန်မာ ဆက်ဆံရေးအား လေ့လာသည့်အခါ အထောက်အပံ့ဖြစ်စေနိုင်ရန်အတွက် ၂၀၁၇ခုနှစ်က စ၍ တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် သုတေသနများအား ISP Myanmarက ပြုစုခဲ့ခြင်းဖြစ်ပြီး ISP China Desk ဝက်ဘ်ဆိုက်အား ၂၀၁၉ခုနှစ် နှစ်ဆန်းပိုင်းကစ၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly