ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် ဘောရစ်ဂျွန်ဆင် ဘုရင်မကြီးအား သွားရောက်တွေ့ဆုံခဲ့

ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် ဘောရစ်ဂျွန်ဆင် ဘုရင်မကြီးအား သွားရောက်တွေ့ဆုံခဲ့
အင်္ဂလန်ဘုရင်မကြီး အယ်လီဇဘက်ကို တွေ့ဆုံခဲ့သည့် ဘောရစ်ဂျွန်ဆင် / ဓာတ်ပုံ - AP

လန်ဒန်၊ ဒီဇင်ဘာ ၁၄ ။            ။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ၎င်းဦးဆောင်သည့် ကွန်ဆာဗေးတစ်ပါတီက အနိုင်ရရှိပြီးနောက် အစိုးရသစ် ဖွဲ့စည်းရေးအတွက် လမ်းညွှန် ချက်များရယူရန် ယမန်နေ့က ဘုရင်မကြီး အယ်လီဇဘက်အား သွားရောက်တွေ့ဆုံခဲ့သည်။

လာမည့်လတွင် ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရေး ပထမအဆင့်အနေဖြင့် ပါလီမန်၏ အတည်ပြုချက် ရယူ ရဦးမည် ဖြစ်သည်။ သို့သော် ဗြိတိန်နှင့်ဥရောပ ကောင်စီတို့သည် ကုန်သွယ်မှုအသစ်နှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီမှုများအတွက် ဆွေးနွေးစရာများ ရှိနေသေးသည်။

ဆွေးနွေး ညှိနှိုင်းမှုများလုပ်ရန် နှစ်ဦးနှစ်ဖက် တွေ့ဆုံခြင်းဖြစ်ပြီး ဥရောပ၏ ဦးစားပေး အစီအစဉ်များကို ကာကွယ်စောင့်ရှောက်ရန် အတတ်နိုင်ဆုံး လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်စ်မီချယ်က ဆိုသည်။

ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် ငါးနှစ်အတွင်း သုံးကြိမ်မြောက် ပြုလုပ်သည့် ကြားဖြတ် ရွေးကောက်ပွဲဖြစ်ပြီး လန်ဒန်မြို့တော်ဝန်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဘောရစ် ဂျွန်ဆင်အတွက် အောင်မြင်မှုကြီး တစ်ရပ်ပင် ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဂျွန်ဆင်၏ အောင်မြင်မှုအတွက် တွစ်တာတွင် ဂုဏ်ပြုစကား ရေးသားခဲ့ပြီး Brexit အရေးပြီးပါက ဝါရှင်တန်နှင့် ကြီးမားသော ကုန်သွယ်မှု သဘောတူညီချက်အသစ် ပြုလုပ် နိုင်လိမ့်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly