ချီလီဆန္ဒပြသူများအပေါ် နှိမ်နင်းပုံ ရက်စက်ကြမ်းတမ်းမှု OHCHR ရှုတ်ချ

ချီလီဆန္ဒပြသူများအပေါ် နှိမ်နင်းပုံ ရက်စက်ကြမ်းတမ်းမှု OHCHR ရှုတ်ချ
ချီလီက ဆန္ဒပြသူများနှင့် ဆန္ဒပြသူများကို နှိမ်နင်းနေသော ရဲတပ်ဖွဲ့ဝင် ၊ ဓာတ်ပုံ - AFP

ဂျနီဗာ၊ ဒီဇင်ဘာ ၁၄ ။         ။ မကြာသေးမီက ချီလီနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများအပေါ်  ရဲတပ်ဖွဲ့များ၏ တုံ့ပြန်မှုများသည်  ရက်စက် ကြမ်းတမ်းကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)က ဒီဇင်ဘာ ၁၃ ရက်တွင် နှိမ်နင်းမှုအပေါ် ရှုတ်ချသည့် ကြေညာချက်တစ်စောင် ထုတ်ပြန် လိုက်သည်။

အဓိကရုဏ်း နှိမ်နင်းသည့် စစ်တပ်နှင့်ရဲများသည် လူအုပ်စုထိန်းချုပ်ရာနှင့် အင်အားသုံးရာတွင် သတ်မှတ် ထားသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် စံချိန်စံနှုန်းများကို ချိုးဖောက်ခဲ့ကြောင်း လတ်တလော ထုတ်ပြန်ထားသည့် အစီအရင်ခံစာတွင် ဖော်ပြထားသည်။

 ရဲများသည် အကြမ်းဖက် ဆန္ဒပြသူများနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို မှန်မှန်ကန်ကန် မခွဲခြားတတ်ကြောင်း၊ မလိုအပ်ဘဲ အင်အား အလွန်အကျွံ သုံးသည့်အတွက် လူသေမှုနှင့် ဒဏ်ရာပြင်းထန်စွာရမှုများ ရှိခဲ့ကြောင်း ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ ဥက္ကဋ္ဌလည်းဖြစ် ချီလီသမ္မတဟောင်းလည်းဖြစ်သူ မီရှဲလ် ဘက်ချလေက မတည်မငြိမ်ဖြစ်နေမှုများကို စုံစမ်းရန် အောက်တိုဘာလက စုံစမ်းရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ သည်။ စုံစမ်းစစ်ဆေးသူများ၏ အစီအရင်ခံစာအရ အဓိကရုဏ်း နှိမ်နင်းရာတွင် ညှဉ်းပန်းနှိပ်စက်မှုပေါင်း ၁၁၃ ခု နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၂၄  ခု အပါအဝင်  လူအခွင့်အရေး ချိုးဖောက်မှုများစွာ ရှိကြောင်း တွေ့ရှိခဲ့ သည်ဟု ဆိုထားသည်။

အောက်တိုဘာလ အလယ်က မြေအောက်မီးရထားခများ အဆမတန် မြင့်တက်သွားမှုကြောင့် ချီလီတွင် ဆန္ဒ ပြပွဲများ စတင်ပေါ်ပေါက်လာပြီး  အရှိန်ရလာခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်က အာဏာရှင် အော်ဂတ်စတိုပီနိုချေး ခေတ်ကာလ အဆုံးသတ်ပြီး နောက်ပိုင်း အပြင်းအထန်ဆုံး ဆူပူအုံကြွမှုကြီး ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly