ကန်-တရုတ် ကုန်သွယ်ရေးစစ်တွင် အဓိကပြေငြိမ်းရေး ပထမအသုတ် သဘောတူညီချက် ရရှိ

ကန်-တရုတ် ကုန်သွယ်ရေးစစ်တွင် အဓိကပြေငြိမ်းရေး ပထမအသုတ် သဘောတူညီချက် ရရှိ

ဒီဇင်ဘာ ၁၄ ။       ။ ကုန်သွယ်ရေးစစ် ပြေငြိမ်းရေးအတွက် အပြစ်ပေးချမှတ်ထားသည့် သွင်းကုန်စည်းကြပ်ခွန်များ ချက်ချင်း ဖြတ်တောက်ခြင်း အပါအဝင် အဓိက ပထမအသုတ် သဘောတူညီချက်ကို ရရှိပြီဖြစ်ကြောင်း အမေရိကန်နှင့် တရုတ်နိုင်ငံတို့က ဒီဇင်ဘာ ၁၃ ရက်၌ ကြေညာသည်။

သို့သော် ထိုသို့ သဘောတူညီချက် ရရှိသော်လည်း ဈေးကွက်များက သိပ်ပြီး လှုပ်ခတ်ခြင်း မရှိပေ။

“တော်တော်လေး အဓိကကျတဲ့ ပထမအသုတ် သဘောတူညီချက်ကို တရုတ်နဲ့ ကျွန်တော်တို့ ရရှိလိုက်ပြီ ဖြစ်ပါတယ်။”ဟု သမ္မတထရမ့်က တွစ်တာတွင် ရေးသားသည်။

သမ္မတ ထရမ့် ထိုသို့ မရေးသားမီ တရုတ်တာဝန်ရှိသူများကလည်း အလားတူ ထုတ်ပြန်ထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရရှိသော သဘောတူညီချက်ကို ဝန်ကြီးများအဆင့် လက်မှတ်ရေးထိုးမှုကို ဇန်နဝါရီ ပထမသီတင်းပတ်တွင် လုပ်ဆောင်မည်ဖြစ်ကြောင်း ထရမ့်အစိုးရ အကြီးတန်းတာဝန်ရှိသူတစ်ဦးက သတင်းထောက်များအား ပြောသည်။

ထိုသို့ တရုတ်နှင့် ကုန်သွယ်ရေး သဘောတူညီချက် ရခြင်းသည် လာမည့် သီတင်းပတ်၌ အာဏာအလွဲသုံးစားမှုဖြင့် ပြစ်တင်စွဲချက်တင်ရန် လွှတ်တော်တွင် မဲပေးကြတော့မည့် အခြေအနေကို ရင်ဆိုင်နေရသည့် သမ္မတထရမ့်အတွက် ရွေးကောက်ပွဲ၌ ရှုသာကယ်သာ ဖြစ်စေမည့် အခွင့်အလမ်းကောင်း တစ်ရပ်ပဲ ဖြစ်သည်။

သမ္မတ ထရမ့်သည် ၎င်း၏ ဒီမိုကရက်တစ်ပြိုင်ဖက် ဂျိုးဘိုင်ဒင်က ယူကရိန်းက စီးပွားရေးလုပ်ငန်းများ၌ အကျင့်ပျက်ခြစားမှု ရှိမရှိ ယူကရိန်းနိုင်ငံအား ဖိအားပေးထောက်လှမ်းခိုင်းခဲ့သည်ဟု စွဲဆိုခံထားရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly