ထိုင်းရိုးရာ အနှိပ်ပညာ ယူနက်စကို စာရင်းဝင်

ထိုင်းရိုးရာ အနှိပ်ပညာ ယူနက်စကို စာရင်းဝင်

ဒီဇင်ဘာ ၁၃ ။            ။ လက်ပြင်ရိုးကို တံတောင်ဆစ်ဖြင့် ထောက်ခြင်း၊ အရိုးအကြောများကို ဆွဲဆန့်ခြင်း စသည့် ထိုင်းရိုးရာ Nuad Thai အနှိပ်ပညာအား ဒြပ်မဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ယူနက်စကိုက ထည့်သွင်းလိုက်ပြီ ဖြစ်သည်။

ကိုလံဘီယာ၊ ဘိုဂိုတာတွင် ကျင်းပသည့် ကုသသမဂ္ဂ အေဂျင်စီ ယူနက်စကို၏ နှစ်ပတ်လည် အစည်းအဝေးတွင် ထိုင်းရိုးရာအနှိပ်ပညာအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း သွင်းလိုက်ကြောင်း ကြေညာပြီး နောက်တစ်နေ့ ဒီဇင်ဘာ ၁၃ ရက်တွင် ထိုင်းပြည်သူများက ပျော်ပွဲရွှင်ပွဲများ ကျင်းပသည်။

ထိုသို့ ယူနက်စကို ယဉ်ကျေးမှုစာရင်းဝင်ပြီဖြစ်သောကြောင့် နှစ်ပေါင်း ၂၀၀၀ နီးပါး ထိန်းသိမ်းလာခဲ့သည့် ရိုးရာ Nuad Thai အနှိပ်ပညာအား နောက်မျိုးဆက်များသို့ လက်ဆင့်ကမ်းဖြန့်ဝေနိုင်ရေးအတွက် အကူအညီ ဖြစ် လာနိုင်သည်ဟု မျှော်လင့်ရသည်။

“ထိုင်းပြည်သူတွေနဲ့ ထိုင်းနိုင်ငံအတွက် အောင်ပွဲတစ်ရပ်ပါပဲ။ ရှေးဟောင်း ပညာရပ်တစ်ရပ်ကို ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ် ထိန်းသိမ်းလာနိုင်ခဲ့ပြီး ကမ္ဘာကို သိရှိစေပြီ ဖြစ်ပါတယ်။ ထိုင်းရိုးရာအနှိပ်ပညာဟာ ထိုင်း ပြည် သူတွေရဲ့ ပိုင်ဆိုင်မှုတန်ဖိုးတစ်ခုလည်း ဖြစ်လာပြီ။”ဟု ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး အန်နုတင်ချန်ဗီရာကူးက ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားသည်။

ထိုင်းတိုင်းရင်းဆေးကုထုံးတစ်ရပ်လည်း ဖြစ်သော၊ အနုပညာနှင့် ယဉ်ကျေးမှုလည်း မြောက်သော ရိုးရာအနှိပ်ပညာဖြင့် နှိပ်နယ်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများသည် နိုင်ငံအနှံ့အပြား ရှိနေပြီး လူထောင်ပေါင်းများစွာ သက်မွေးဝမ်းကျောင်း ပြုရာဖြစ်ကာ အထူးသဖြင့် အမျိုးသမီးအတွက် အလုပ်အကိုင် အခွင့်အလမ်းတစ်ရပ် ဖြစ်နေသည်။

“ဆီး၊ ဝမ်း၊ သွေး၊ လေ မမှန်သော လူနာများကို ကိုယ်ခန္ဓာ၊ ဟန်ချက်ညီစေပြီး ဆီး၊ ဝမ်း၊ သွေး၊ လေ သမမျှတစေရာတွင် အထောက်အကူပြုသော ရိုးရာအနှိပ်ပညာပဲ ဖြစ်သည်။”ဟု ယူနက်စကိုက ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly