ထိုင်းတွင် သုံးဘီးကားပေါ် လိင်ဆက်ဆံနေသည့် ဗီဒီယို ထွက်ပေါ်ပြီး အွန်လိုင်းသုံးသူများအကြား ဝေဖန်မှု မြင့်တက်

ထိုင်းတွင် သုံးဘီးကားပေါ် လိင်ဆက်ဆံနေသည့် ဗီဒီယို ထွက်ပေါ်ပြီး အွန်လိုင်းသုံးသူများအကြား ဝေဖန်မှု မြင့်တက်
Photo: Khun-Khachen Facebook page

 ဒီဇင်ဘာ ၁၃ ။       ။ ဘန်ကောက်မြို့တွင်း လမ်းပေါ်တွင် မနက်ခင်းအစောပိုင်း မောင်းနေသည့် သုံးဘီးကားတစ်စင်းပေါ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ လိင်ဆက်ဆံနေသည်ကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်နှစ်ခု အွန်လိုင်းပေါ် ရောက်ရှိလာပြီးနောက် ဒီဇင်ဘာ ၁၃ ရက်တွင် လူမှုကွန်ရက်သုံးသူများအကြား ဝေဖန်မှု မြင့်တက်ခဲ့ကြောင်း သိရသည်။

အွန်လိုင်းပေါ် ရောက်လာသည့် ဗီဒီယိုနှစ်ခုထဲတွင် သွားနေသည့် သုံးဘီးကားပေါ်တွင် အမျိုးသမီးတစ်ဦးသည် အမျိုးသား ခရီးသည်တစ်ဦး၏ ပေါင်ပေါ် ထိုင်နေရင်း ၎င်းတို့နှစ်ဦး လိင်ဆက်ဆံနေခြင်းကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

ပထမ ဗီဒီယိုဖိုင်တွင် ခရီးသည် ငါးဦး (အမျိုးသား သုံးဦး၊ အမျိုးသမီး နှစ်ဦး) တို့သည် သုံးဘီးကား (တုတ်တုတ်) တစ်စီးဖြင့် လိုက်ပါသွားနေသည်ကို တွေ့ခဲ့ရသည်။ အမျိုးသမီးတစ်ဦးသည် အမျိုးသားတစ်ဦး၏ ရှေ့ဘက် ပေါင်ပေါ်တွင် တက်ထိုင်နေခဲ့ပြီး သူမ၏ စကတ်ကို မတင်ထားကာ နှစ်ဦးသား လိင်ဆက်ဆံနေသည်ကို မြင်တွေ့ခဲ့ရသည်။ ယင်းဗီဒီယိုဖိုင်ကို Khun-Khachen ဆိုသည့် ဖေ့ဘွတ်ခ်အသုံးပြုသူတစ်ဦးက တင်ထားခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် အဆိုပါ အမျိုးသမီး အလားတူအတိုင်း လုပ်နေခဲ့သည်ကို ရိုက်ကူးထားသည့် ဒုတိယဗီဒီယိုတစ်ခုကိုလည်း ၎င်းဖေ့ဘွတ်ခ်သုံးသူကပင် တင်ထားသေးသည်။ ယင်း ဗီဒီယိုထဲတွင် “အတွင်းခံ မပါဘူးလား” ဆိုသည့် အသံကိုပါ ကြားခဲ့ရသေးသည်။

ယင်း ဗီဒီယိုနှစ်ခုကို အွန်လိုင်းပေါ် ဝေမျှသူ များခဲ့ပြီးနောက် အွန်လိုင်းသုံးသူများက ဝိုင်းဝန်းဝေဖန်ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံတွင် အဆိုပါ အမျိုးသားနှင့် အမျိုးသမီးတို့၏ လုပ်ရပ်မှာ သင့်တော်ခြင်းမရှိဟု ပြစ်တင်ခဲ့ကြသည်။ အလားတူ ရဲတပ်ဖွဲ့အနေဖြင့် ယင်းကိစ္စကို စုံစမ်းစစ်ဆေးအရေးယူသင့်သည်ဟု ဖေ့ဘွတ်ခ် သုံးသူများက ရေးသားထားကြသည်။

ယင်း ဗီဒီယိုကို ဖေ့ဘွတ်ခ်ပေါ်မှ ဖယ်ရှားမခံရမီ ကြည့်ရှုမှုပေါင်း နှစ်သိန်းကျော် ရှိခဲ့သည်။ ယင်းဖြစ်စဉ်ကို ထိုင်းမီဒီယာများက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly