ဆီးဂိမ်းဆုတံဆိပ်ရရှိမှု နိုင်ငံလိုက် အဆင့် ၇ ဖြင့် ရွှေတံဆိပ် ဆု ၄ ခု သာ ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့

ဆီးဂိမ်းဆုတံဆိပ်ရရှိမှု နိုင်ငံလိုက် အဆင့် ၇ ဖြင့် ရွှေတံဆိပ် ဆု ၄ ခု သာ ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့
ဓာတ်ပုံ - ထွန်းထွန်းဝင်း

ဒီဇင်ဘာ ၁၂။           ။ ဖိလစ်ပိုင်နိုင်ငံမှကျင်းပပြီးဆီးခဲ့သည့်အကြိမ် ၃၀ မြောက်အရှေ့တောင်အာရှအားကစားပြိုင် ကိုသွားရောက်ယှဉ်ပြိုင်ခဲ့ မြန်မာအားကစားအဖွဲ့အနေဖြင့် နိုင်ငံလိုက်အဆင့် ၇ ရွှေတံဆိပ်ရရှိမူ ၄ ခု ငွေတံ ဆိပ် ၁၈ ခုကြေးတံဆိပ် ၅၁ ခု စုစုပေါင်း ၇၃ သာ ရရှိခဲ့သည်။ပထမဆုံးရွှေတံဆိပ် ဆု ကို အားနစ်အားကစားနည်းမှ အိန္ဒြေဖူး က ရွှေတစ်ခု ၊ ရိုးရာ‌လှေပြိုင်ပွဲမှ ရွှေတံဆိပ်တစ်ခု ဆွပ်ခူးနိုင်ခဲ့သည်။

 မြန်မာနိုင်ငံမှာ ရွှေတံဆိပ် ၄ခု တွင် ဘိလိယက်အားကစားနည်းမှ ၂ယောက်တွဲပြိုင်ပွဲမှ ရွှေတံဆိပ်ဆု တစ်ခု ၊ 9 Ballအမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင်ရွှေတံဆိပ်ဆုတစ်ခုစုစုပေါင်း၂ခုရယူနိုင်ခဲ့သည့်ကိုဘုန်းမြင့်ကျော်(ခ)အားတီ ကို ဒီဇင်ဘာလ ၁၁ရက်နေ့ ညပိုင်းက ရန်ကုန်လေဆိပ်တွင် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

"ရည်မှန်းထားတာကရွှေတစ်ခုထဲရအောင်ကြိုးစားမယ်ဆိုပြီးသွားတာပါ။နှစ်ယောက်တွဲမှရခဲ့တယ်။အောင်မိုးသူနဲ့ရခဲ့တော့အဖွင့်လှသွားတယ်။10Ballကစားတယ်အဲမှရှုံးသွားတယ်။9Ballအမျိုးသားတစ်ဦးချင်းကိုအားထားလိုက်တယ်။ သွားတာ  9 Ball နဲ့မှန်းပြီးသွားတာပါ။ နှစ်ယောက်တွဲလည်းရတော့အရမ်းဝမ်းသာပါတယ်။ ဖိုင်နယ်မှကြတော့ဆီးမီးဖိုင်နယ်က ဒီလောက်ခက်တဲ့ဟာကိုနိုင်ခဲ့တယ်။စိုးရိမ်မှုမရှိဘဲ အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားတော့ လေ့ကျင့် တဲ့လက်ထွက်တယ် အဲဒါကြောင့်ဖိုင်နယ်မှ နိုင်ခဲ့တယ် " ဟုရွှေတံဆိပ် ၂ဆုရှင် ကိုဘုန်းမြင့်ကျော်(ခ) အားတီ က မဇ္စျိမသတင်းဌာန ကိုပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ က ယှဉ်ပြိုင်ခဲ့သည့်  9 Ball အမျိုးသားတစ်ဦး ပြိုင်ပွဲတွင် မြန်မာဘက်မှ ကိုဘုန်းမြင့်ကျော် နှင့် ဗီယက်နမ်ကစားသမား ဒိုသီကီအန် တို့ ယှဉ်ပြိုင်ခဲ့ကြ ပြီးပွဲကိုလွှမ်းမိုးနိုင်ခဲ့ကာ သက်သောက် သက်သာ  အနေအထားဖြင့် 9-4 ရလဒ် ဖြင့် အနိုင်ရရှိခဲ့သည်။

"အများကြီးအထောက်အပံ့ဖြစ်ပါတယ်။အားတီကအမြဲတရုတ်ပြည်မှဆုကြေးစားပြိုင်ပွဲတွေကစားနေကြပါသူရဲ့အတွေ့အကြုံပိုင်းဆိုင်ရာတွေမြင့်တက်လာတယ်။ပြိုင်ပွဲအတွေ့အကြုံအရသူလောက်မရှိပါဘူး။လေ့ကျင့်မူပိုင်းကိုပဲ ကြိုးစားရပါတယ်။ တစ်နေ့တာမှ စားချိန် ၊အိပ်ချိန် ကလွဲလို့ ကျန်တဲ့အချိန်က လေ့ကျင့်ချိန်ပါ။  မလေ့ကျင့်ချိန်ဆို ဒီကစားနည်းနဲ့ပတ်သက်တဲ့ဦးနှောက်ပိုင်းဆိုင်ရာ ၊နည်းစနစ်ပိုင်းဆိုင်ရာ ကိုလေ့လာရင်းနဲ့ အိမ်မက်သဖွယ် မျိုးငါရအောင်ကြိုးစားရမယ် ရအောင်လုပ်ရမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားခဲ့တာပါ။ သူနဲ့ က တွဲလာတာ ကြာခဲ့ပါပြီးSea Game ပဲသုံးကြိမ်ရှိပါပြီး။ တစ်ယောက်နဲ့တစ်ယောက်ကအထာလည်းသိနေတဲ့သဘောမျိုးပါ ၊ အပေးအ ယူကတော်တော်မျှနေတာပါ  " ဟု ဘိလိယက် အားကစားနည်း မှ အမျိုးသား ၂ယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ကိုအောင်မိုးသူ က ပြောသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ တွင် ဘိလိယက်အားနည်းထဲမှာ 9Ball Pool နှစ်ယောက်တွဲ ပွဲတွင် မြန်မာနိုင်ငံဘက်မှာ ဖုန်းမြင့်ကျော်(အားတီ) နှင့် အောင်မိုးသူ တို့အတွဲ နှင့် စင်္ကာပူအသင်းမှ Yapp Aloysius နှင့် Tohlian Han
တို့အတွဲကို ၉ ပွဲ နိုင် ၄ ရှုံး ဖြင့် ပွဲပြတ်အနိုင်ယူနိုင်ခဲ့တာ ကြောင့်ရွှေတံဆိပ်ဆု ဆွပ်ခူးနိုင်ခဲ့တာဖြစ်သည်။

အကြိမ်၃၀မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဘိလိယက်အားကစားမှ ရွှေ ၂ ခု၊ငွေ ၁ ၊ ကြေး ၃ ခု Arnis အားကစားမှ ရွှေ၁ခု၊ ငွေ ၄ ၊ ကြေး ၁၅ ခု ၊ ရိုးရာလှေ မှ ရွှေ ၁ခု ၊ ငွေ ၁ ခု ၊ ကြေး ၂ ခု၊ မြှားပစ် မှ ငွေ ၃ ခု ၊ ကြေး ၂ခု။ ဂျူဒို အားကစားနည်းမှ ငွေ ၂ ခု ၊ ကြေး ၃ခု ၊ ကနူး မှ ငွေ ၂ ခု ၊ ဝူရှူး မှ ငွေ ၁ ခု ၊ ကြေး ၃ ခု ၊ ပြေးခုန်ပစ် မှ ငွေ ၁ ခု ၊ ကြေး၂ ခု၊ လက်ဝှေ့ မှ ငွေ ၁ ခု ၊ကြေး ၂ခု ၊ ပိုက်ကျော်ခြင်း မှ ငွေ ၁ ခု ကြေး၂ခု ၊ အလေးမ ငွေ ၁ခု ၊ တိုက်ကွမ်ဒိုမှ ကြေး ၄ ခု ၊ နပန်း မှ ကြေး၃ ခု ၊ ဘောလုံးမှ ကြေး ၂ ခု ၊ လှေလှော် မှ ကြေး၂ခု ၊ စစ်တုရင် မှ ကြေး ၁ခု ၊ ရုံတွင်းဟော်ကီပြိုင်ပွဲ မှ ကြေး၁ခု ၊ ကရာတေးဒို မှ ကြေး၁ ခု ၊ Kurash မှ ကြေး ၁ခု ၊ ပီတန်း  မှကြေး ၁ခု ၊ ရွက်လှေ မှ ကြေး၁ခု တို့ သာဆွပ်ခူးနိုင်ခဲ့ပြီး အားကစားနည်း ၅၆ မျိုးတွင် မြန်မာအားကစားအဖွဲ့မှ အားကစားနည်း ၃၁ မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ၂၁ မျိုး တွင်သာ ဆုတံဆိပ်ရရှိခဲ့ကြောင်း သိရသည်။

 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly