ယခုနှစ်မှာ ကမ္ဘာတစ်ဝန်း အကျဉ်းချခံရသည့် ဂျာနယ်လစ် အရေအတွက် သိသိသာသာ မြင့်တက်

ယခုနှစ်မှာ ကမ္ဘာတစ်ဝန်း အကျဉ်းချခံရသည့် ဂျာနယ်လစ် အရေအတွက် သိသိသာသာ မြင့်တက်

ဒီဇင်ဘာ ၁၁။          ။ ယခုနှစ် ၂၀၁၉ တွင် ကမ္ဘာတစ်ဝန်း ဂျာနယ်လစ်ဦးရေ ၂၅၀ ဦးထက်မနည်း ထောင်ချခံထားရကြောင်း၊ အထူးသဖြင့် တရုတ်တွင် အကျဉ်းချခံရသည့် သတင်းသမားဦးရေ အရေအတွက် အများဆုံး ဖြစ်ကြောင်း သတင်းမီဒီယာ စောင့်ကြည့်အဖွဲ့တစ်ခုက ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

အာဏာရှင်ဆန်သော အစိုးရများက လွတ်လပ်သော သတင်းမီဒီယာအပေါ် ပိုမိုတိုးမြှင့် ဖိနှိပ်လာနေသည်ဟုလည်း သိရသည်။

ဖမ်းဆီးထောင်ချခံရသည့် ဂျာနယ်လစ် အများစုသည် နိုင်ငံတော်ကို ဆန့်ကျင်ပုန်ကန်မှု စွဲချက်များ သို့မဟုတ် သတင်းမှား ဖော်ပြခြင်း စွဲချက်များဖြင့် အမှုရင်ဆိုင်ခဲ့ရကြောင်း နယူးယော့ခ်တွင် အခြေစိုက်သည့် အဆိုပါ ဂျာနယ်လစ်များ ကာကွယ်ရေး ကော်မတီက ထုတ်ပြန်လိုက်သည်။

တူရကီ၊ ဆော်ဒီ အာရေးဗျ၊ အီဂျစ်၊ ဗီယက်နမ်နှင့် အီရန်တို့တွင် ဂျာနယ်လစ်များ ထောင်ချခံခဲ့ရမှုဖြစ်စဉ်များကို အဆိုပါ အဖွဲ့က ကိုးကားဖော်ပြသွားသည်။

ယခုနှစ်အတွင်း တရုတ်တွင်လည်း အကျဉ်းချခံရသူ ဂျာနယ်လစ် ၄၈ ဦးထက်မနည်း ရှိခဲ့ကြောင်း၊ သမ္မတ ရှီကျင့်ဖျင်အစိုးရသည် မီဒီယာကို ပိုမိုထိန်းချုပ်ရန် အားထုတ်လာကြောင်း ယင်းအဖွဲ့က ဖော်ပြသွားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly