ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရန်အတွက် ချေးငွေပေးရန် ကမ္ဘာ့ဘဏ်က အကြံဉာဏ် များရယူ

ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရန်အတွက် ချေးငွေပေးရန် ကမ္ဘာ့ဘဏ်က အကြံဉာဏ် များရယူ

မန္တလေး၊ ဒီဇင်ဘာ ၁၀။       ။ မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရန်အတွက် ချေးငွေပေး အပ်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အကြံဉာဏ်များရယူနေကြောင်း World Bank ၏ မြန်မာနိုင်ငံ ဆိုင်ရာ ပြန်ကြားရေးတာဝန်ခံ ဦးကျော်စိုးလင်းကပြောသည်။

ဒီဇင်ဘာ ၉ရက်နေ့ နေ့လည်ပိုင်းက မန္တလေးမြို့ Pullman Hotel တွင်ပြုလုပ်သော ကမ္ဘာဘဏ်အုပ်စု၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာရေးဆွဲခြင်း အကြံပြုဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ပက်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ လူပုဂ္ဂိုလ်တွေဆီက အကြံဉာဏ်တွေရ ယူဖို့အတွက် လုပ်တာဖြစ်ပါတယ်၊ ချေးငွေကို ၂၀၂၀-၂၀၂၃ခုနှစ်မှာပေးမယ့် ချေးငွေနဲ့ပက်သက်ပြီး အခုလိုပွဲ တွေ လုပ်တာဖြစ်ပါတယ်၊ ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ ရခိုင်မှာလုပ်ပြီးပါပြီ၊ တောင်ကြီး၊ မွန်နဲ့ ကရင်ပြည်နယ်တွေ မှာလည်းဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

လူသားရင်းမြစ်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ကူညီနိုင်ရန်၊ ပုဂ္ဂလိက စီပွားရေးကဏ္ဍကူညီ မှုများနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်စိန်ခေါ်မှုများဖြစ်ပေါ်နေသဖြင့့် သဘာဝရင်းမြစ် များအား ရေရှည်တည်တံ့သော သဘာဝရင်းမြစ်များပေါ်ထွက်လာစေရေးတို့ကို အခြေခံကာ ချေးငွေ ပေးအပ်သွားမည်ဟု သိရသည်။

ယင်းကဲ့သို့ တိုင်းဒေသကြီနှင့် ပြည်နယ်အလိုက် အကြံဉာဏ်များတောင်းယူခြင်းအပြင် ကမ္ဘာဘဏ်မှ ဖွင့်လှစ်ထားသော ဝက်ဘ်ဆိုက်တွင် လိုအပ်သည့်အချက်အလက်များကို ထောက်ပြသည့် အကြံပြုချက်များကို ၂၀၂၀ခုနှစ် ဇန်နဝါရီလကုန်အထိ လက်ခံသွားမည်ဟုလည်း ကမ္ဘာ့ဘဏ်ထ့က သိရသည်။

`` မဟာဗျူဟာရေးဆွဲရာမှာ ကျွန်တော်တို့ အစိုးရ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဖက်အ ဖွဲ့အစည်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့ မိတ်ဖက်အဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးပြီး အကြံပြုချက်များ ရယူ သွားမှာဖြစ်တယ်လို့ သိရတဲ့အတွက် ဝမ်းသာပါတယ်၊ ၂၀၁၂ခုနှစ်ကစတင်ပြီး ကမ္ဘာဘဏ်က ကျေးလက်ဒေသ ဆင်းရဲမွဲတေမှုလျော့ချရေး၊ လူသားရင်းမြစ်များဖွံ့ဖြိုးရေး၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများတိုးတက်ရေးစတဲ့လုပ် ငန်းတွေလုပ်ဆောင်ဖို့အတွက် မြန်မာအစိုးရကို ပံ့ပိုးကူညီနေပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆောင်ရွက် နေတာဖြစ်သလို မန္တလေးတိုင်းဒေသကြီး အတွင်းမှာ ကမ္ဘာဘဏ်နဲ့ လုပ်ဆောင်နေတဲ့ လုပ်ငန်းပေါင်းစုံရှိပါတယ်။ တိုးတက်မှုတွေလည်းရှိနေပါတယ်။ ၂၀၂၀-၂၀၁၃ လေးနှစ်အတွင်းလုပ်ဆောင်မယ့် လုပ်ငန်းတွေအတွက်လည်း နယ်ပယ်ပေါင်းစုံက လူပုဂ္ဂိုလ်တွေအနေနဲ့ အကြံပြုပေးစေခြင်ပါတယ်” ဟု မန္တလေးတိုင်ဒေသကြီး သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဦးမျိုးသစ်ကပြောသည်။

အဆိုပါအကြံဉာဏ်များကို ရယူပြီးလျှင် မြန်မာနိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရန်အတွက် ချေးငွေ ဒေါ်လာ နှစ်ဘီလီယံအထိကို သုံးနှစ်သက်တမ်းအထိ ချေးပေးမည်ဟု သိရပြီး အတိုးနှုန်းကို ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required