ယောဂ လုပ်ပါလို့ပြောရတဲ့အကြောင်းအရင်း

ယောဂ လုပ်ပါလို့ပြောရတဲ့အကြောင်းအရင်း

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    

ယောဂကရှေးကျတဲ့ လေ့ကျင့်ခန်းပုံစံတစ်ခုပေါ့။ အိန္ဒိယကနေ အစပြုလာတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတစ်မျိုးပေါ့။ ယောဂက ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်သလို ခန္ဓာကိုယ်အတွက်ရော ကြွက်သားတွေ အတွက်ပါ အထောက်အကူပြုပေးနိုင်ပါတယ်။
ယောဂကနေ ဒီလိုအကျိုးကေးဇူးတွေရရှိနိုင်ပါတယ်

ခန္ဓာကိုယ်ကို ပျော့ပျောင်းစေနိုင်တယ် – ယောဂကစားတာက ကြွက်သားတွေကို ဆန့်ထုတ်ရတာဖြစ်တာကြောင့် ခန္ဓာကိုယ်ကို ပျော့ပျောင်းစေနိုင်ပြီး အကြောတွေပြေစေနိုင်ပါတယ်။

ကြွက်သားတွေ သန်စွမ်းစေနိုင်ပါတယ် – ယောဂက တစ်ကိုယ်လုံးကိုလှုပ်ရှားရတာကြောင့် ကြွက်သားတွေ၊ အရွတ်တွေ နဲ့ အကြောတွေကို သန်စွမ်းစေနိုင်ပါတယ်။

ကိုယ်နေဟန်ထား ကောင်းလာစေတယ် – ကြွက်သားတွေ အရိုးအကြောတွေကို သန်မာစေနိုင်တာကြောင့် ခန္ဓာကိုယ်က ပုံစံကျပြီး ကိုယ်နေဟန်ထားကောင်းလာစေမှာပါ။ လက်ပျဉ်ကိုင်းတာ၊ ခါးကိုင်းတာမျိုး ကင်းဝေးသွားမှာပါ။

အရိုးနုတွေ အဆစ်တွေကို ကာကွယ်ပေးတယ် – ယောဂက အဆစ်တွေကိုလှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်တာ ကြောင့် အရိုးနုတွေနဲ့ အဆစ်တွေကို ထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။

ကျောရိုးတွေကို သန်မာစေနိုင်တယ် – အထိုင်များတဲ့ သူတွေအတွက် ယောဂကလေ့ကျင့်ခန်းက တော်တော်လေးအဆင်ပြေပါတယ်။ လှုပ်ရှားမှုနည်းတဲ့သူတွေအတွက် ကျောရိုးကို လှုပ်ရှားဖြစ်စေတာကြောင့် ကျောရိုးသန်မာစေနိုင်ပါတယ်။

အရိုးကျန်းမာစေနိုင်တယ် – ယောဂက အရိုးသိပ်သည်းဆကို တိုးစေနိုင်တာကြောင့် အရိုးသန်မာစေလိုသူတွေ ကစားပေးသင့်ပါတယ်။

သွေးလည်ပတ်မှုကောင်းမွန်စေနိုင်တယ် – ယောဂက ကိုယ်တွင်းမှာ သွေးလည်ပတ်မှုကောင်းအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေနိုင်တယ် – ယောဂ ပုံမှန်လေ့ကျင့်ပေးမယ်ဆိုရင် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်သလို ကိုယ်ခံအားကောင်းလာမှာပါ။

သွေးပေါင်ကျစေတယ် – သွေးတိုးရောဂါရှိသူတွေအတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းတစ်မျိုးပါ။

စိတ်ဖိစီးမှုကင်းစေတယ် – ယောဂပုံမှန်ကစားပေးမယ်ဆိုရင် စိတ်ဖိစီးမှု ကင်းစင်ပြီး နေ့ရက်တိုင်း ပျော်ရွှင်နေမှာပါ။

သွေးတွင်း သကြားဓာတ်ကျစေနိုင်တယ် – ယောဂက သွေးတွင်း သကြားဓာတ်ကို ကျဆင်းစေပြီး အကျိုးပြုကိုလက်စထရောပမာဏကို တိုးစေနိုင်ပါတယ်။

အာရုံစူးစိုက်မှုကောင်းစေတယ် – ယောဂက သွေးတွင်း အောက်ဆီဂျင်ပမာဏကို တိုးစေပြီး အာရုံစူးစိုက်မှုကောင်းစေပါတယ်။

အိပ်ပျော်စေတယ် – အိပ်မပျော်သူတွေ ယောဂ ကစားပေးပါ။ ကောင်းကောင်းအိပ်ပျော်စေမှာပါ။

ဒါတွေအပြင်ယောဂ ကစားတာက အစာခြေစနစ်ကိုကောင်းမွန်စေသလို ဟန်ချက်ညီစေပြီး ခြေလက်အကြောတွေပြေလျော့စေတဲ့အပြင် အဆုတ်အားကောင်းစေပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly