ထိုင်းရိုးရာအနှိပ်ပညာ ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်ဖွယ်ရှိ

ထိုင်းရိုးရာအနှိပ်ပညာ ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်ဖွယ်ရှိ
Photo: AFP

ဘန်ကောက်ရှိ spa များနှင့် ဖူးခက်ကမ်းခြေကနေ ခေတ်မီ လမ်းဘေး အိမ်ဆိုင်များအထိ ထိုင်းရိုးရာ အနှိပ်ပညာ nuad Thai ဖြင့် နှိပ်နယ်ပေးသည့် အနှိပ်ခန်းများကို ဘုရင့်တိုင်းပြည် ထိုင်းနိုင်ငံ၌ အနှံ့အပြား တွေ့ရမည် ဖြစ်သည်။

နှစ် ၂၀၀၀ နီးပါး ထိန်းသိမ်းလာခဲ့သည့် ယင်းရိုးရာအနှိပ်ပညာဖြင့် နှိပ်နယ်ပေးခြင်းအတွက် တစ်နာရီမှ အမေရိကန်ဒေါ်လာ ငါးဒေါ်လာသာ ကျသင့်သည်။

နာကျင်မှု မရှိစေသော ထိုင်းအနှိပ်ပညာသည် ဂုဏ်သတင်း မကျော်စောပဲ ရှိခဲ့ရာမှာ ယခုတွင် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းမှ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်လာဖွယ်ရာ ရှိနေသည်။

ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့တော်၌ ဒီဇင်ဘာ ၉ ရက်မှ ၁၄ ရက်အထိ ကျင်းပလျက် ရှိသော ယူနက်စကိုအဖွဲ့ အစည်းအဝေး၌ ယခု သီတင်းပတ်တွင် ထိုင်းရိုးရာအနှိပ်ပညာကို စာရင်းသွင်းဖွယ်ရာရှိနေသည်။

ဘန်ကောက်ရှိ လျောင်းတော်မူဘုရား၌ ထိုင်းအနှိပ်ပညာကို လက်ဆင့်ကမ်း သင်ကြားပေးနေသည့် ကရိုင်ရတ်ရှ်က ယူနက်စကို စာရင်းဝင်နိုင်ခြေ ရှိနေသည့် nuad Thai အနှိပ်ပညာကို ထိန်းသိမ်းစောင့်ရှောက်နိုင်သည့်အတွက် ဂုဏ်ယူကြောင်း ပြောသည်။

“ကျွန်တော်အနေနဲ့ ကိုယ့်မှာ ရှိထားတဲ့ ရိုးရာပညာကို ဆက်လက်ဖြန့်ဖြူးသွားမှာ ဖြစ်ပါတယ်။”ဟု ၎င်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် အေအက်ဖ်ပီသတင်းဌာနသို့ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly