အယ်လ်ရှာဘတ်အုပ်စုဝင် အဖွဲ့တစ်ဖွဲ့က အိုင်အက်စ်အုပ်စုသို့ ဘက်ပြောင်းသစ္စာခံ

အယ်လ်ရှာဘတ်အုပ်စုဝင် အဖွဲ့တစ်ဖွဲ့က အိုင်အက်စ်အုပ်စုသို့ ဘက်ပြောင်းသစ္စာခံ

နိုင်ရိုဘီ၊ အောက်တိုဘာ-၂၃ ။           ။ အယ်လ်ရှာဘတ်အဖွဲ့၏ အဆင့်မြင့်အဖွဲ့ဝင်နှင့် ဘာသာရေးခေါင်းဆောင်တစ်ဦးက အိုင်အက်စ်အကြမ်းဖက်အုပ်စုကို သစ္စာခံရန် ကတိပြုလိုက်သောကြောင့် ဆိုမာလီအခြေစိုက် ဂျီဟတ်အုပ်စုအတွက် ထပ်မံကွဲထွက်သွားခြင်းဖြစ်ပြီး အိုင်အက်စ်အုပ်စုအတွက်မူ အာဖရိကအတွင်းသို့ ထပ်မံ ခြေဆန့်ဖြန့်ကျက်လိုက်ခြင်းပင် ဖြစ်သည်။

ယခင်က ကူကေအခြေစိုက် အဗ္ဗဒူ ခေဒါ မွန်မင်က အိုင်အက်စ်အဖွဲ့သို့ သစ္စာခံကြောင်း ကျမ်းသစ္စာကျိန်ဆိုမှုသတင်းမှာ အယ်လ်ရှာဘတ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်မှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ထိုသတင်းကို အမေရိကန်ထောက်လှမ်းရေးဌာနကလည်း ထောက်ခံအတည်ပြုခဲ့သည်။ မွန်မင်ု၏ ကတိသစ္စာပြုမှုမှာ အွန်လိုင်းတွင် လွှင့်တင်လာသည့် ဗွီဒီယိုတွင် ပေါ်ထွက်လာခဲ့ခြင်းပင် ဖြစ်သည်။

အယ်လ်ရှာဘတ်၏ ခေါင်းဆောင်ပိုင်းက ၂၀၁၂ခုနှစ်တွင် အယ်လ်ခိုင်ဒါသို့ သစ္စာခံကြောင်း ကတိပြုခဲ့သဝည်။

ဗွီဒီယိုထဲတွင် မွန်မင်က ဆိုမာလီအလယ်ပိုင်းအခြေစိုက် အခြားဂျီဟတ်များနှင့်အတူ အိုင်အက်စ်အကြမ်းဖက်အုပ်စုသို့ သစ္စာခံကြောင်း ကျိန်ဆိုနေကြသည့်ပုံများကို ရိုက်ပြထားသည်။   

အယ်လ်ရှာဘတ်နှင့် ဆက်နွယ်နေသည့် သတင်းရင်းမြစ်က စီအင်အင်သို့ ပြောကြားရာတွင်မူ ယခုလက်ရှိတွင် အဖွဲ့ဝင်အတော်များများမှာ အခြားနိုင်ငံရေးခေါင်းဆောင်များက ၎င်းတို့နှင့် အဆင့်အတန်းတူများအတွင်း အိုင်အက်စ်ကို ထောက်ခံသည်ဟု သံသယရှိသူများကို ရှင်းပစ်ရန် ကြိုးစားနေသောကြောင့် အသက်အန္တရာယ်ကို စိုးရိမ်နေကြရသည်ဟု ဆိုသည်။

သို့ရာတွင် ကြေညာချက်မှာ မျှော်လင့်မထားသည့်အရာတော့မဟုတ်ကြောင်း အယ်လ်ရှာဘတ်နှင့် နီးစပ်သူများက ပြောကြားခဲ့သည်။ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်သည်အထိ အမ်နီယတ်ဟု လူသိများသစည့် အယ်လ်ရှာဘတ်၏ လျှို့ဝှက်ရဲတပ်ဖွဲ့က သူပုန်အုပ်စုအတွင်း အယ်လ်ခိုင်ဒါမှ အိုင်အက်စ်သို့ ဘက်ပြောင်းသစ္စာခံမည်ဟု ယူဆရသည့် အဖွဲ့ဝင်များကို ဖမ်းဆီးထောင်ချ လာနေခဲ့သည်ဟု ဆိုသည်း အုပ်စုတွင်းအခြအနေမှာ တင်းမာလျှက်ရှိပြီး အရေးပေါ်အခြေအနေနှင့် ဆင်ဆင်တူသည်ဟု ဆိုမာလီနိုင်ငံတွင်းမှ ဂျီဟတ်အုပ်စုနှင့် နီးစပ်သည့် သတင်းရင်းမြစ်က စီအင်အင်သို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly