ယာယီတာမွေဈေးသစ် တည်ဆောက်ရာတွင် ဈေးသူ/သားများနှင့် ညှိနှိုင်းဆောက်ရွက်ရန် တောင်းဆို

ယာယီတာမွေဈေးသစ် တည်ဆောက်ရာတွင် ဈေးသူ/သားများနှင့် ညှိနှိုင်းဆောက်ရွက်ရန် တောင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၀။               ။ စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနက အဆင့်မြှင့်တင် တည်ဆောက်မည့် ယာယီတာမွေဈေး ပုံစံ သစ်ကို ဆိုင်ခန်းဈေးသည်များ ဈေးဝယ်သူများ အဆင်ပြေစေသည့် အနေအထား မျိုးဖြစ်အောင် ညှိနှိုင်း ဆောင်ရွက်ပေးရန် ဈေးသူ/သားများက တောင်းဆိုကြသည်။

 ဒီဇင်ဘာလ(၉)ရက်နေ့က  ဈေးသစ် ဆောက်လုပ်မည့် ဒီဇိုင်းနှင့် အကျယ်အဝန်း အခြေအနေကို ဝမ်းဝမ်းဝမ်း ကုမ္ပဏီက ရှင်းလင်းသည့် အခမ်းအနားတွင် ဈေးသူ/သားများက အချက်(၈)ချက်အား ဆောင်ရွက်ပေးရန် စည်ပင် သာယာရေးကော်မတီနှင့် ကုမ္ပဏီဘက်သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

 ယာယီဈေးရုံ(က)၊ ဆိုင်နံပါတ်(၁၉)မှ ကိုနေဝင်းက “ကျွန်တော်တို့က မြေအောက်ကားပါကင်ကို မလိုချင်ဘူး၊ အခု ဘေးလမ်းကလည်း (၅)ပေပဲရှိတယ်။ အဲတာကို (၈)ပေ ဖြစ်စေချင်တယ်၊ အမြင့်က ပေ(၂၀)တောင်းထား တယ်၊ နောက် စာချုပ် စာတမ်း၊ ဒါမှမဟုတ် အစည်း အဝေး သဘောတူချက်နဲ့ဖြစ်ဖြစ် လုပ်ပေးစေချင်တယ်၊ အဆောက်အအုံကို ပေ(၆၀) နောက်ဆုတ်ရမယ် ပြော ထားတယ်၊ ကျွန်တော်တို့က ပေ(၃၀)ပဲ ဆုတ်စေချင် တယ်”ဟု ပြောသည်။

ဈေးအသစ် ဆောက်လုပ်ပြီးပါက  မှတ်ပုံတင် ဆိုင်ခန်း ဧရိယာကို ငါးပေပတ်လည်စီ ခွဲဝေပေးမည့် အခြေအနေ နှင့် ပတ်သတ်ပြီး ဆိုင်ခန်းဈေးသည်များက ရောင်းချရန်နေရာ လောက်ငှမှုမရှိဟုဆိုကာ  ကုမ္ပဏီနှင့် အငြင်းပွား လျက်ရှိသည်။

အဆိုပါ ဈေးသစ် တည်ဆောက်ခြင်းအတွက် နိုဝင်ဘာလ(၃၀)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဈေးသူ/သားများ တွေ့ဆုံ ဆွေးနွေးရာတွင် ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက် သွား မယ်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့သည်။

တာမွေမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက “ဈေးနဲ့ပတ်သတ် လို့ ပြောရမယ်ဆိုရင် ဒါ နိုင်ငံတော်ပိုင်ပဲ၊ ဈေးသူဈေးသား တစ်ယောက်က ဈေးစည်းကမ်း ဖောက်ဖျက်တယ် ဆိုရင် ကျွန်တော်တို့ (၂၄)နာရီအတွင်း ဖယ်ရှားပစ်လို့ ရတယ်၊ ဝန်ကြီးချုပ် ကိုယ်တိုင်ကလည်း ဈေး ကိုယ်စား လှယ် တွေကို ခေါ်ပြီး မြို့တော်ဝန်ရော ရှင်းပြထားပြီးသားပါ၊ သူတို့တောင်းဆိုတဲ့ (၈)ချက် ကိုလည်း တစ်ချက် ချင်း တင် ဒါကော်မတီ ဥက္ကဋ္ဌ ဒေါ်လှိုင်မော်ဦး ကိုယ်တိုင် ရှင်းထားပြီးသားပါ အားလုံး ပြင်ဆင် ပြီးသားပါ”ဟု ပြောသည်။

အဆင့်မြှင့်တင် တည်ဆောက်မည့် ဈေးပုံစံကို ဆိုင်ခန်းဈေးသည်များက လက်မခံခြင်းကြောင့် လက်ရှိတွင်  ဈေး စီမံကိန်းကို ရပ်နားထားရသည်။ အဆင့်မြင့်ဈေး တည်ဆောက်ရေးအတွက် ဈေး အနောက်ဘက်တွင် ယာယီ ရွေ့ပြောင်း ရောင်းချမည့် ဆိုင်ခန်းများကိုလည်း ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။

တာမွေဈေးသစ် တည်ဆောက်ရာတွင် ဝမ်းဝမ်းဝမ်းကုမ္မဏီက ငွေကျပ်(၁၆)ဘီလီယံ အသုံးပြုပြီး အထပ် ငါးထပ်ဖြင့် ဆောက်လုပ်မည်ဖြစ်ရာ ပန္နက်ရိုက်သည့်နေ့မှ စတင်ကာ လပေါင်း (၃၀)အတွင်း အပြီး တည်ဆောက်သွား မည် ဖြစ်သည်။

လက်ရှိတွင် တာမွေမြို့နယ်အတွင်းရှိ အဆင့်မြင့် ရာပြည့်ဈေး စီမံကိန်းသည် သတ်မှတ်ထားသည့် အချိန်တွင် မပြီးသည့်အတွက် အခန်း ဝယ်ယူထားသူများနှင့် ဆောက်လုပ်သည့် ကုမ္ပဏီကြား အငြင်းပွားမှုများလည်း ဖြစ် ပေါ်နေသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly