၂၀၁၅ခုနှစ်မှာ နှစ်ပေါင်း၄၀၀၀အတွင်း အပူပြင်းဆုံးဖြစ်ခဲ့ဟုဆို

၂၀၁၅ခုနှစ်မှာ နှစ်ပေါင်း၄၀၀၀အတွင်း အပူပြင်းဆုံးဖြစ်ခဲ့ဟုဆို

ဝါရှင်တန်၊ အောက်တိုဘာ-၂၃ ။              ။ ဘောင်းဘီတိုများနှင့် တီရှပ်များကို ဝတ်ဆင်နေသေးသည်ဆိုလျှင် အကြောင်းပြချက်ကောင်းကောင်း ရှိပါသည်။ ဂြိုဟ်ကမ္ဘာမှာ မှတ်တမ်းရှိခဲ့ဖူးသမျှ အပူပြင်းဆုံးနွေရာသီကို ကြုံတွေ့ခံစားခဲ့ရပြီဖြစ်သည်။ သိပ္ပံပညာရှင်များ၏အဆိုအရ နှစ်ပေါင်း ၄၀၀၀ကျော်အတွင်းတွင် အပူဆုံးဖြစ်ခဲ့သည်ဟု ဆိုပါသည်။

အမျိုးသား ရေထုနှင့်လေထု စီမံကွပ်ကွဲရေးဌာန၏ သတင်းပို့ချက်အရ မြောက်ကမ္ဘာလုံးခြမ်းတွင် မိုးလေဝသနွေကာလဖြစ်သော ဇွန်-ဇူလိုင်-သြဂုတ် သုံးလတွင် ကမ္ဘာနှင့်အဝန်း ပျမ်းမျှအပူချိန်မှာ စတင်မှတ်တမ်းပြုစုခဲ့သည့် ၁၈၈၀နောက်ပိုင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။

ယခုနှစ်၏ ၉လအနက် ၇လမှာ မှတ်တမ်းဝင်သွားခဲ့သည်။ ယခု ဆောင်းရာသီသို့ ရောက်ရှိလာခဲ့ပြီဖြစ်သော်လည်း စက်တင်ဘာလ မြေပြင်နှင့် ရေပြင်တွင် အပူချိန်မှာ စံချိန်တင် မြင့်မားဆဲပင်ဖြစ်သည်။

ဤဖြစ်စဉ်နှင့် ပတ်သက်၍ သိပ္ပံပညာရှင်များ၏ အဖြေမှာ ဘာပါလဲ။

‘ပစိဖိတ်သမုဒ္ဒရာအတွင်း အားကောင်းတဲ့ အယ်လ်နီညိုက အရင်က မပူဘူးတဲ့နှုန်းနဲ့ ပူပြင်းလာအောင် တွန်းအားပေးနေပါတယ်။ အခုဆိုရင် ၅လဆက်တိုင် အပူချိန်ဟာ စံချိန်တင် မြင့်မားလာနေခဲ့ပြီး အယ်လ်နီညိုကလည်း နွေဦးအထိ ကြာနိုင်ဖွယ်ရှိတာကြောင့် ဆက်ပူနေဦးမယ့်သဘောရှိပါတယ်’ဟု စီအင်အင်မှ အကြီးတန်း မိုးလေဝသပညာရှင် ဒေ့ဗ် ဟင်နင်းက ပြောကြားခဲ့သည်။

ကြေးခေတ်နောက်ပိုင်း ကမ္ဘာကြီး ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အပူပြင်းဆုံး အပူချိန်များဖြစ်သည်ဟုလည်း ရာသီဥတုသုတေသနတစ်ရပ်က ပြောကြားခဲ့သည်။

စံချိန်တင်အပူမှ အာဖရိက အရှေ့မြောက်တစ်လွှားမှသည် အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှကို ဖြတ်လျှက် တောင်အမေရိက မြောက်ပိုင်းတစ်ဝက်နှင့် အမေရိက အလယ်နှင့် အရှေ့မြောက်ပိုင်းတို့အထိ ဖြန့်ကျက်သွားသည်ဟု သုတေသနအစီရင်ခံစာတွင် ဖော်ပြထားသည်။

‘အယ်လ်နီညို အခြေအနေတွေဟာ ဆက်လက်ဖြစ်ပေါ်နေဖို့ ၉၈ရာခိုင်နှုန်း သေချာနေတော့ ဒီနှစ်ဟာ ကမ္ဘာတစ်ဝန်းလုံး စံချိန်တင် အပူပြင်းဆုံးအပူနဲ့ အဆုံးသတ်သွားပါလိမ့်မယ်’ဟု ဟင်နင်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly