လိင်တူချစ်သူတစ်ဦးအဖြစ် ဝန်ခံထားတဲ့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် Miss Universe ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်

လိင်တူချစ်သူတစ်ဦးအဖြစ် ဝန်ခံထားတဲ့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် Miss Universe ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်

ဒီဇင်ဘာ ၁၀။               ။ Miss Universe (မယ်စကြာဝဠာ)  ပြိုင်ပွဲတွင် လိင်တူချစ်သူတစ်ဦးအဖြစ် ဝန်ခံထားတဲ့  မြန်မာကိုယ်စားပြု အလှမယ် ဆွေဇင်ထက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

အသက် ၂၀ အရွယ် လိင်တူချစ်သူတစ်ဦးအဖြစ် ဝန်ခံထားတဲ့အလှမယ် ဆွေဇင်ထက်သည် ဒီဇင်ဘာ ၈ ရက်နေ့ည အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် အတ္တလန္တာတွင် ကျင်းပသည့် မယ်စကြာဝဠာပြိုင်ပွဲတွင် မြန်မာ နိုင်ငံ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

အလှမယ် ဆွေဇင်ထက်သည် ပြိုင်ပွဲတွင် top 20 သို့ တက်လှမ်းနိုင်ခဲ့ခြင်း မရှိသော်လည်း သူမသည် LGBTQ အသိုင်းအဝိုင်းကို ကိုယ်စားပြုကာ ကမ္ဘာ့စင်မြင့်တစ်ခုထက်သို့ တက်ရောက်ယှဉ်ပြိုင်ပြီး သမိုင်းတစ်ခုကို ရေးထိုး နိုင်ခဲ့ပြီး ဖြစ်ကြောင်း အားပေးသူများက ပြောသည်။

 

ဆွေဇင်ထက်သည် ပြိုင်ပွဲဖိုရမ်တစ်ခုတွင်တင်ခဲ့သောအင်တာဗျူးတစ်ခုတွင် သူမကိုယ်သူမ လိင်တူချစ်သူတစ်ဦးအဖြစ်  ထုတ်ဖော်ခဲ့သည်ဟု သိရသည်။

“ ကျွန်မအနေနဲ့ကတော့ ဒီ LGBTQ+ အသိုင်းအဝိုင်း၊ သူတို့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်နိုင်ခွင့်၊ ပျော်ရွှင်မှုအတွက် စိတ်ကြိုက်လုပ်ဆောင်နိုင်မှုတို့ကို တစ်ကမ္ဘာလုံးက လက်ခံစေချင်ပါတယ်၊ ကျွန်မတို့မှာ အမြဲတမ်း လွှတ်လပ်စွာ ရွေးချယ်ခွင့်၊ တန်းတူညီမျှမှုကို အားပေးနိုင်ခွင့် ရှိသင့်ပါတယ်” ဟု သူမက ပြောခဲ့သည်။

ယခုကဲ့သို့ လိင်တူချစ်သူတစ်ဦးအဖြစ် ဝန်ခံထားတဲ့ အလှမယ်ဆွေဇင်ထက် ပါဝင်ယှဉ်ပြိုင်ခဲ့မှုကို မြန်မာပြည်တွင်းမှာသာမက တစ်ကမ္ဘာလုံးက ပရိသတ်တွေဆီက အားပေးမှုကို အလုံးအရင်း ရရှိခဲ့သည်ဟုလည်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly