လာမယ့် နှစ်ကုန်တွင် စစ်မှုထမ်းတော့မယ့် ဂျိုဝမ်

လာမယ့် နှစ်ကုန်တွင် စစ်မှုထမ်းတော့မယ့် ဂျိုဝမ်

တောင်ကိုရီးယားမင်းသား ဂျိုဝမ်က လာမည့်နှစ်ကုန်တွင် စစ်မှုထမ်းရနိုင်ဖွယ် ရှိကြောင်း ဆိုးလ်မြို့ ဆမ်ချောင်ဒေါင်ဒေသ ကော်ဖီဆိုင်တွင် အောက်တိုဘာ ၂၁ ရက်က ပြုလုပ်သော တွေ့ဆုံ မေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။

“စစ်မှုထမ်းမှာနဲ့ ပတ်သက်လို့ ကိစ္စတွေ အများကြီး အချိန်ယူ စဉ်းစားရမယ်။ ဒါပေမဲ့လည်း  နှစ်နှစ်ကြာ စစ်မှုထမ်းပြီးတဲ့နောက်မှာ သရုပ်ဆောင် တစ်ယောက်အဖြစ် အကောင်းဆုံး ဆက်လက် လုပ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်တယ်”ဟု ဂျိုက ပြောကြားခဲ့သည်။

ဂျိုသည် Fatal Intuition  ဇာတ်ကားတွင် ခေါင်းဆောင်မင်းသားနေရာမှ ပါဝင် သရုပ်ဆောင် လျက်ရှိပြီး ယင်းဇာတ်ကားသည် ညီမဖြစ်သူကို သတ်ခဲ့သည့် လူသတ်သမားအား ရှာဖွေရန် ကြိုးစား နေသည့် အမျိုသားတစ်ယောက် အကြောင်းကို ပုံဖော်ထားသည့် ဇာတ်ကားဖြစ်သည်။ အဆိုပါ ဇာတ်ကားကို အောက်တိုဘာ ၂၈ ရက်တွင် ပွဲဦးထွက် ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly