25 တေးသီချင်း အယ်လ်ဘမ် မကြာမီ ထွက်ရှိတော့မယ်လို့ ကြေညာလိုက်တဲ့ အဒဲလ်

25 တေးသီချင်း အယ်လ်ဘမ် မကြာမီ ထွက်ရှိတော့မယ်လို့ ကြေညာလိုက်တဲ့ အဒဲလ်

နယူးယော့ခ်၊ စက်တင်ဘာ ၂၂ ။         ။ ဗြိတိန်အဆိုတော် အဒဲလ်သည်  အောက်တိုဘာ ၁၈ ရက်က တေးသီချင်း အယ်လ်ဘမ်သစ်မှ တေးသီချင်းကို ပရိတတ်များအတွက်  စက္ကန့် ၃၀ ကြာ ထုတ်လွှင့်ပေးခဲ့ပြီးနောက် 25 အမည်ရှိ အဆိုပါ တေးသီချင်း အယ်လ်ဘမ်ကို မကြာမီ ဖြန့်ချိတော့မည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

တေးသီချင်း အယ်လ်ဘမ်သစ်ကို မကြာမီ ဖြန့်ချိတော့မည် ဖြစ်ကြောင်းနှင့် တေးသီချင်း အယ်လ်ဘမ်သစ် ထွက်ရှိရန် အချိန်ကြာမြင့်စွာ ယူခဲ့သည့်အတွက် ပရိတ်သတ်များကို တောင်းပန် ကြောင်း အဒဲလ်က အောက်တိုဘာ ၂၁ ရက်က ၎င်း၏ တွစ်တာအကောင့်တွင် ပြောကြားခဲ့သည်။

အဆိုပါ တေးသီချင်း အယ်လ်ဘမ်သစ်သည် ၎င်း၏ ဆယ်ကျော်သက်အရွယ်နှင့် အတောင်အ လက်စုံသည့် အရွယ် ဖြတ်သန်းလာသော ဘဝအကြောင်းကို ဖော်ပြထားသည့် တေးသီချင်း အယ်လ် ဘမ်ဖြစ်ကြောင်း အဒဲလ်က ပြောကြားခဲ့သည်။

“ကျွန်မ ဆယ်ကျော်သက်အရွယ်ကို ဖြတ်သန်းခဲ့တယ်။ အတောင်အလက်စုံတဲ့ အရွယ်ကို ရောက်တော့ ကျွန်မဟာ အသက်ကြီးမှာကို ဂရုမစိုက်တော့ဘဲ ရှေ့ကိုပဲ ဆက်လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်မဟာ အတိတ်က  အဆိုးအကောင်း အရာအားလုံးကို သတိရတယ်။ ဒါပေမဲ့ လည်း ကျွန်မအတိတ်ကို ပြန်မရောက်နိုင်တော့ဘူးလေ” ဟု အသက် ၂၇ နှစ်အရွယ်ရှိ အဒဲလ်က ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၈ ရက်ညက X Factor သီချင်းဆိုပြိုင်ပွဲ ကျင်းပပြုလုပ်စဉ် အဒဲလ်သည် ပရိတ်သတ်များအတွက် အဆိုပါ တေးသီချင်း အယ်လ်ဘမ်သစ်မှ တေးသီချင်းကို စက္ကန့် သုံးဆယ်ကြာ ပြသခဲ့ပြီးနောက် ရက်ပေါင်းများစွာ အကြာတွင် ယခုကဲ့သို့ သတင်း ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly