လူ ၃၈ ဦး လိုက်ပါသွားသည့် ချီလီ စစ်ဘက်လေယာဉ် ပျောက်ဆုံးနေ

လူ ၃၈ ဦး လိုက်ပါသွားသည့် ချီလီ စစ်ဘက်လေယာဉ် ပျောက်ဆုံးနေ

ဒီဇင်ဘာ ၁၀။               ။ လူ ၃၈ ဦး လိုက်ပါသွားသည့် ချီလီ စစ်ဘက်သုံး လေယာဉ်တစ်စင်းသည် ဒီဇင်ဘာ ၉ ရက် ညနေခင်းက ပျံသန်းရင်း ပျောက်ဆုံးလျက် ရှိကြောင်း ချီလီ လေတပ်က ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ဘက် သယ်ယူပို့ဆောင်ရေး လေယာဉ်သည် အန္တာတိကရှိ အခြေစိုက်စခန်းတစ်ခုဆီ ပျံသန်းသွားရင်း ရေဒီယို အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်ကြောင်း ချီလီ တာဝန်ရှိသူများက ပြောသည်။

လက်ရှိတွင် စစ်တပ်က သတိပေးချက်တစ်ခု ကြေညာထားပြီး ရှာဖွေကယ်ဆယ်ရေး အဖွဲ့တစ်ခု ချက်ချင်း စေလွှတ်ထားကြောင်း သိရသည်။

ပျောက်ဆုံးလျက် ရှိသည့် C-130 Hercules လေယာဉ်ပေါ်တွင် အမှုထမ်း ၁၇ ဦး ၊ ခရီးသည် ၂၁ ဦးတို့ လိုက်ပါသွားခဲ့သည်။

အဆိုပါ လေယာဉ်ပေါ်ပါ အမှုထမ်းများသည် အန္တာတိကရှိ ချီလီစစ်စခန်းရှိ လောင်စာဆီ ထောက်ပံ့မှုလိုင်းနှင့် အခြား တပ်ဆင်ပစ္စည်းများကို စစ်ဆေးရန် ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly