ဂေဟစနစ်နှင့် လုပ်ကိုင်နေသော ပုဇွန်မွေးမြူရေးလုပ်ငန်း စိန်ခေါ်မှုများစွာ ကြုံတွေ့နေကြောင်း မွေးမြူရေးလုပ်ငန်းရှင်များက ပြောဆို

09 December 2019

**************************************
ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တန်းမြို့နယ် ၊ မရမ်းဇွဲဒေသမှာ လုပ်ကိုင်နေတဲ့  ဂေဟစနစ်နဲ့ ပုစွန်မွေးမြူရေးလုပ်ငန်းမှာ စိန်ခေါ်မှုတွေ ကြုံတွေ့နေရကြောင်း ငါးပုဇွန်မွေးမြူရေးလုပ်ငန်းရှင်များက ပြောသည်။

 ဒီရေတောဂေဟစနစ်နှင့် အမှီသဟဲပြု ၊ ပုဇွန်မွေးမြူခြင်း ဆိုတာက   ပင်လယ်ပြင်ထဲက   ဆားငံရေကို   အသွင်းအထုတ်လုပ်ပြီးတော့ သဘာဝပုဇွန်မွေးမြူရေး လုပ်ဆောင်တာ ဖြစ်သည်။

 ကန်အတွင်းရှိ  ပုဇွန်သားပေါက်လေးတွေက  ကန်ရေထဲမှ ပါလာတဲ့ Micro – Organism  ဖြစ်တဲ့ ဇီဝအပင်ငယ်လေးတွေကို ကိုယ်တိုင်ရှာဖွေစားသောက်ပြီး ရှင်သန်ကြီးထွားလာတဲ့စနစ်ကို အသုံးပြုပြီး မွေးမြူတာလည်း ဖြစ်ကြောင်း သိရသည်။

 ဂေဟစနစ်ကို အမှီသဟဲပြုကာ  သဘာဝ ပုဇွန်မွေးမြူခြင်း ဖြစ်တာကြောင့်  လက်ရှိတော့ ဒီရေတော ပင်လယ်ရေအထုတ်အသွင်း နည်းပါးလာမှုကြောင့် နှုန်းမြေ တိမ်ကောလာတဲ့အခြေအနေတစ်ခုဖြစ်လာသည်။
ရိုက်ကူး/တည်းဖြတ် - နန့်ခိုင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly