InterNations စစ်တမ်းထဲကလောက် ရန်ကုန်မြို့သည် မဆိုးဘူးဟု ရန်ကုန်မြို့တော်ဝန်ပြော

InterNations စစ်တမ်းထဲကလောက် ရန်ကုန်မြို့သည် မဆိုးဘူးဟု ရန်ကုန်မြို့တော်ဝန်ပြော
 ရန်ကုန်မြို့တော်ကို မြို့တွေ့ရခြင်း၊ ဓာတ်ပုံ - SilverKris (ဘလော့)

ရန်ကုန်၊ ဒီဇင်ဘာ ၉ ။         ။ InterNations ၏ စစ်တမ်းတွင် ဖော်ပြထားသကဲ့သို့ ရန်ကုန်သည် နေထိုင်ရန် မကောင်းလောက်အောင် မဆိုးသေးဘူးဟု ရန်ကုန်မြို့တော်ဝန် ဦမောင်မောင်စိုးက ၂၀၁၉ ခုနှစ်၊ဒီဇင်ဘာ ၉ ရက်နေ့၌ ရန်ကုန်မြို့တော်ခန်းမမှာ သတင်းစာ ရှင်းလင်း ပွဲလုပ်ကာ ပြောသည်။

InterNations က နေထိုင်ရန် မကောင်းဆုံး ကမ္ဘာ့မြို့များ၏ ထိပ်ဆုံး ၁၀ မြို့စာရင်းတွင် ရန်ကုန်သည် တစ်မြို့အပါအဝင် ဖြစ်ကြောင်း၊ အာရှရှိ အဆိုးရွားဆုံးမြို့အဖြစ် တစ်မြို့တည်းတည်ရှိကြောင်း ဒီဇင်ဘာ ၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် စစ် တမ်းမှာ ဖော်ပြထားသည်။

 

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး(အလယ်က)ကို တွေ့ရစဉ်။ ဓာတ်ပုံ - မဇ္ဈိမ

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက “၁၀ ခုကို ကျပမ်း ကောက်လိုက်တယ်ဗျာ။ နေလို့ထိုင်လို့ အကောင်းဆုံးအဆင့် အနိမ့်ဆုံးမှာ ရန်ကုန်ပါ နေတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ သို့သော်လည်း မြို့ကြီးတွေပေါ့ဗျာ၊ ဥပမာပေါ့ တိုကျိုတို့၊ ဆန်ဖရန်စစ်ကိုတို့နဲ့ သွားနှိုင်းလို့တော့ မရဘူးလေ။ သို့သော် အကုန်လုံးနဲ့ယှဉ်ရင် ဒီလောက်တော့ မဆိုးပါဘူး” ဟု ပြော သည်။

InterNations ကတော့ ငွေရေးကြေးရေး၊ အိမ်ရာများနှင့် နေထိုင်မှုစရိတ် စသည့် အညွှန်းကိန်းများအပေါ် အခြေခံ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့မြို့ ကြီးပေါင်း ၈၂ မြို့အား ကမ္ဘာတစ်ဝန်းမှ ကျွမ်းကျင်သူပေါင်း ၂ သောင်းကျော်မှ ပဲပေး ကောက်ချက်ချခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

အကောင်းဘက်မှ ကြည့်ပါက ရန်ကုန်မြို့နေ ဒေသခံများသည် ကမ္ဘာပေါ်မှာ အဖော်ရွေဆုံးသူများတွင် ပါဝင်သည်ဟု ပြောခဲ့ပြီး ကမ္ဘာပေါ်၌ နေထိုင်ရန် မကောင်းဆုံးမြို့မှာ ကူဝိတ်မြို့ဖြစ်သည်ဟု InterNations က ဆိုသည်။

ရန်ကုန်မြို့လယ်ခေါင်တွင် နိုင်ငံခြား ခရီးသွားတယောက် လည်ပတ်နေခြင်း၊ ဓာတ်ပုံ - AFP

စစ်တမ်းတွင် ဖော်ပြချက်များအရ ဖြေဆိုသူ အများစုမှာ မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် နိုင်ငံခြားသားများ ဖြစ်ကြပြီး ဒေသတွင်း ကျန်းမာရေး စောင့်ရှောက်မှုနှင့် သယ်ယူပို့ဆောင်ရေးတို့ကို မကြိုက်ကြဘူးဟုလည်း ပြောထားသည်။

ဦးမောင်မာင်စိုးက “ကမ္ဘာပေါ်မှာ ဒီ ၁၀ မြို့ထဲ ရှိတာမှ မဟုတ်တာ။ ကိုယ့်ထက်သာတဲ့ ၉ မြို့ ယူပြီးတော့ မြန်မာပြည်ကို ထည့်ပြီး‌တော့ ရန်ကုန်လို့ ထည့်လိုက်ပြီးတော့မှ ၁၀ မြို့တန်းစီ ပေးလိုက်တဲ့အခါ အလိုလို ရန်ကုန်သည် နောက်ဆုံးကျမှာ ပဲ။ မြို့တွေကို ကျပမ်းသွားတာမဟုတ်ဘူး ရွေးချယ်တဲ့အတွက်ကြောင့် ဖြစ်တက်ပါတယ်” ဟု ပြောသည်။

နေထိုင်ရန် အကောင်းဆုံး မြို့ကြီး ၁၀ မြို့ စာရင်းကို ဖော်ပြထားရာမှာတော့ ထိုင်ဝမ်၏ မြို့တော် တိုင်ပေက ပထမဆုံးမှာ ရပ်တည်လျက်ရှိပြီး ကွာလာလမ်ပူ၊ ဟိုချီမင်း၊ စင်ကာပူ၊ မွန်ထရီယယ်၊ လစ္စဘွန်း၊ ဘာစီလိုနာ၊ ဇပ်က်၊ သဟိတ်(သည်ဟိတ် ) နှင့် ဘာဆယ် စသည့် မြို့မှာမှာ အစဉ်လိုက်ရှိနေကြောင်း InterNations ၏ စစ်တမ်းမှာ ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly