နယူးဇီလန် မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၅ ဦးအထိ ရှိလာ

နယူးဇီလန် မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၅ ဦးအထိ ရှိလာ

ဒီဇင်ဘာ ၉။             ။ နယူးဇီလန်နိုင်ငံတွင် ကျွန်းတစ်ကျွန်းတွင် ဒီဇင်ဘာ ၉ ရက်က မီးတောင်ပေါက်ကွဲမှု ဖြစ်ပြီးနောက် ယခုအခါ သေဆုံးသူ ငါးဦး ရှိသွားပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

ဒဏ်ရာရရှိသူ ၁၈ ဦး ရှိပြီး မီးတောင်ပေါက်ကွဲမှုဖြစ်ချိန် ယင်းကျွန်းပေါ်တွင် လူအများအပြား ပိတ်မိသောင်တင်နေခဲ့သည်ဟုလည်း သိရသည်။

ခရီးသွားများအကြား ကျော်ကြားသည့် အဖြူရောင်ကျွန်းပေါ်တွင် အဆိုပါ မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းနေ့ က အဆိုပါ မီးတောင်ပေါက်ကွဲချိန် ယင်းကျွန်းပေါ်တွင် ခရီးသွားဧည့်သည် ၅၀ ခန့် ရောက်ရှိနေခဲ့ကြသည်ဟု နယူးဇီလန် ရဲတပ်ဖွဲ့က ပြောသည်။

မီးတောင်ပေါက်ကွဲပြီးနောက် ပြာများ၊ ကျောက်ခဲများ လေထုထဲ မှုတ်ထုတ်နေခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရသည်။

အဆိုပါ မီးတောင်သည် နယူးဇီလန်တွင် အလှုပ်ရှားဆုံး မီးတောင်များအနက် တစ်ခု ဖြစ်သည်။

ယခုအခါ သက်ဆိုင်ရာ တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်လျက် ရှိသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly