MNHRC အဖွဲ့ဝင်ခန့်အပ်ရာတွင် ပွင့်လင်းမြင်သာတဲ့ လုပ်ငန်းစဉ်ဖြင့် ရွေးချယ်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၂၀ ကျော်က သမ္မတထံ အိမ်ဖွင့်ပေးစာ ပေးပို့မည်

MNHRC အဖွဲ့ဝင်ခန့်အပ်ရာတွင် ပွင့်လင်းမြင်သာတဲ့ လုပ်ငန်းစဉ်ဖြင့် ရွေးချယ်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၂၀ ကျော်က သမ္မတထံ အိမ်ဖွင့်ပေးစာ ပေးပို့မည်
ဓာတ်ပုံ - နန့်ခိုင်

ဒီဇင်ဘာ ၉ ရက်။       ။ အစိုးရသက်တမ်းမကုန်ခင်အသစ်ပြောင်း လဲဖွဲ့စည်းမည့် မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင် ကော်မတီ အဖွဲ့ဝင်ရွေးချယ်ရေးလုပ်ငန်းစဉ်ကို ပွင့်လင်းမြင်သာစွာချ ပြပေးဖို့ နိုင်ငံတော် သမ္မတထံအိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့တောင်းဆိုသွားမည်ဖြစ်ကြောင်း  အရပ်ဖက်အဖွဲ့အစည်း ၂၀ ကျော်က ပြောဆိုလိုက်သည်။

ဒီဇင်ဘာ ၉ ရက်နေ့က    ရန်ကုန်မြို့ Best Western Green Hill ဟိုတယ်တွင်  ပြုလုပ်သော  မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ စွမ်းဆောင်ရည်အား သုံးသပ်ခြင်း အစီရင်ခံစာ  ထုတ်ပြန်ခြင်း အခမ်းအနား မှာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

MNHRC ကော်မတီ၏ အဖွဲ့ဝင် ရွေးချယ်ရေးလုပ်ငန်းစဉ်ကို ပွင့်လင်းမြင်သာစွာချပေးပြီး ရွေးချယ်ရေးဘုတ်အဖွဲ့ ပါဝင်ဖွဲ့စည်းရာတွင်  အမျိုးသမီး ၊ တိုင်းရင်းသား နှင့် ဘာသာရေးလူနည်းစု အသီးသီးမှ လူ့အခွင့်အရေး အတွေ့အကြုံရှိသည့် အရပ်ဘက်လူမှုအသိုင်းအဝိုင်းမှ လူပုဂ္ဂိုလ်တွေ ပါဝင်ဖွဲ့စည်းပေးဖို့ ဒီဇင်ဘာ ၁၀ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတ ထံ လိပ်မူကာ အိတ်ဖွင့်ပေးစာ တစ်စောင်  ပေးပို့သွားမည်ဖြစ်ကြောင်း မျိုးဆက်လှိုင်း အဖွဲ့မှ ကိုဘိုဘို က ပြောသည်။

Generation Wave Origination အဖွဲ့ ၊ ကိုဘိုဘိုက“  သမ္မတ ဆီ အိတ်ဖွင့်ပေးစာ ပို့မယ်။ အဓိက  MNHRC  ပါမယ့် အသစ်ဖွဲ့စည်းမည့် ကော်မရှင်နာ  အယောက် ၃၀ ကို ရွေးချယ်တဲ့အခါ ပွင့်လင်းမြင်သာမှု ရှိဖို့ ၊  လူ့အခွင့် အရေးဆိုင်ရာ ကို တစ်ကယ်သိမြင်ပြီး အလေးထားတဲ့ ကော်မရှင်နာဖြစ်ဖို့ ကျွန်တော်တို့က တိုက်တွန်းတာပါ  “ ဟု   ပြောသည်။

“ အပြောလျော့ပြီး အလုပ်ပိုလုပ်ပါ “ အမည်ရှိသည့်  အဆိုပါ အစီရင်ခံစာတွင်  မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ကာကွယ်ခြင်းနှင့် အရပ်ဖက် လူမှု အဝန်းအဝိုင်း ကျဉ်းမြောင်းလာခြင်း  အခင်းအ ကျင်းမှာ MNHRC ၏ စွမ်းဆောင်ရည်အား ဆန်းစစ် သုံးသပ်တင်ပြထားတာ ဖြစ်သည်။

လက်ရှိတွင် MNHRC  ၏ စွမ်းဆောင်ရည်အား သုံးသပ်ဆန်းစစ်ရာတွင်  အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်လာခြင်း ၊ အကျဉ်းထောင်များသို့ သွားရောက်စစ်ဆေးခြင်း ရှိနေသော်လည်း ၊  ပဋိပက္ခဒေသအတွင်းက လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို သေချာစွာ ကာကွယ်ပေးနိုင်မှု မရှိသေးကြောင်း   Yangon Watch စောင့်ကြည်လေ့လာရေးအဖွဲ့မှ ဒေါ်ညိုညိုသင်းက ထောက်ပြပြောဆိုသည်။

“  လူ့အခွင့်အရေးတွေကို အသိပညာပေးအပိုင်းမှာ အများကြီးတိုးတက်လာတယ်။ အကျဉ်းထောင်တွေကိုလေ့လာတာ တိုးတက်လာတယ်။ သို့သော်လည်း လက်နက်ကိုင်တပ်ဖွဲ့ ကျူးလွန်တဲ့ကိစ္စ ၊ ခက်ခဲတဲ့ဒေသတွေကို သွားရ တဲ့ ကိစ္စ ၊ ဥပမာ- ကျားဖောင်ကိစ္စ မျိုး ၊   ပဋိပကၡေဒသမွ  ဖြစ်တဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို  သေသေချာချာ ကာကွယ်နိုင်ခြင်း မရှိဘူး လို့ ကျွန်မတို့က တွေ့ရတယ် “   ဟု Yangon Watch စောင့်ကြည် လေ့လာ ရေးအဖွဲ့မှ ဒေါ်ညိုညိုသင်းက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ၏ သက်တမ်းမှာ ၂၀၁၉ ခုနှစ် ၊ စက်တင်ဘာလကတည်းက  ကုန်ဆုံး သွားခဲ့တာဖြစ်ပြီး ကော်မရှင်အဖွဲ့ဝင် အသစ် ရွေးချယ်ရေးနှင့် ပတ်သက်၍ တ ရားဝင်ထုတ်ပြန် ၊ ကြေညာအသိပေးခြင်း တစ်စုံတစ်ရာ မတွေ့ရသေးဘူးလို့ သိရသည်။

ယခုအစီရင်ခံစာတွင် ၂၀၁၈ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးကိစ္စရပ်များကို ခြုံငုံသုံးသပ်တင်ပြထားပြီး ၂၀၁၉ ခုနှစ် အစောပိုင်းကာလအတွင်း ဖြစ်ပွားခဲ့သည့် အဓိက ဖြစ်ရပ်များကို ထည့်သွင်းရေးသားဖော် ပြထားကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly