မြန်မာနိုင်ငံ ပလပ်စတစ် ကင်းစင်ရန်အတွက် ကမ္ဘာတစ်ဝန်းလုံး အတူတူကြိုးစားရမည်

မြန်မာနိုင်ငံ ပလပ်စတစ် ကင်းစင်ရန်အတွက် ကမ္ဘာတစ်ဝန်းလုံး အတူတူကြိုးစားရမည်
ပုံ- လာဘ်ရတနာဗိုလ်United Nations Enviroment Programme မှ အတွင်းရေးမှူးချုပ် Mr.Jun Miyauchi

ရန်ကုန်။   ။ ဒီဇင်ဘာ ၉ရက်။          ။ မြန်မာနိုင်ငံတွင် ပလပ်စတစ် ကင်းစေရန်အတွက် ကမ္ဘာတစ်ဝန်းလုံး အတူတူကြိုးစားရမည်ဟု ဂျပန် အဖွဲ့ အစည်း တစ်ခုဖြစ်တဲ့ United Nations Enviroment Programme မှ အ တွင်းရေးမှူးချုပ် Mr.Jun Miyauchi က  ပြောသည်။

United Nations Enviroment Programme မှ ဦးဆောင်၍ ဒီဇင်ဘာ ၉ ရက်က ပလပ်စတစ်ကင်းစင်ရေး ဖြေရှင်းနည်းဆီသို့ ဆိုသော ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပခဲ့စဉ် ၎င်းက အထက်ပါ အ တိုင်းပြောလိုက်ခြင်း ဖြစ်သည်။

Mr.Jun Miyauchi က “မြန်မာပြည် တစ်နိုင်ငံတည်းဆိုရင် ဖြေရှင်းဖို့ မလွယ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ပြဿနာက နိုင်ငံတစ်ခု တည်းရဲ့ ပြဿနာမဟုတ်ပါဘူး။ အဲဒါကြောင့်မို့လို့ ကမ္ဘာတစ်ခုလုံးက အတူတူ ကြိုးစား ရပါမယ်။ ဒီပလပ်စတစ် ပစ္စည်းကို သုံးလို့ရှိရင် ၂၀၅၀ ခုနှစ်ကျရင် ပလပ်စတစ်တွေက ပင်လယ်ထဲမှာရှိတဲ့ ငါးနဲ့ တိရစ္ဆာန်တွေထက်တောင် ပိုများလာနိုင်ပါတယ်” ဟု ဆိုသည်။

နိုင်ငံသားများက ပလပ်စတစ်အား မသုံးလျှင်  ပလပ်စတစ် ထုတ်လုပ်သည့် ကုမ္ပဏီများသည် ပလပ်စတစ်ကို ထုတ်လုပ်မည် မဟုတ်ကြောင်း၊ အရေးကြီးဆုံးမှာ ပလပ်စတစ်ကုမ္ပဏီမဟုတ်ဘဲ လူတစ်ယောက်စီ တစ်ယောက် စီသည် ပလပ်စတစ်ပစ္စည်းအားသုံးပါက မည်သို့ဖြစ်မည်နှင့် အကြောင်းအရင်းကို နားလည်ကာ ပလပ်စတစ်ပစ္စည်းအား မသုံးခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း ၎င်းက ပြောသည်။

ပလပ်စတစ်သည် လူသားအကျိုးပြုဖြစ်ကာ အဓိကပြဿနာမှာ လူသားများသည် စည်းကမ်းမဲ့ အမှိုက် စွန့်ပစ် ကြခြင်းကြောင့်သာ ဖြစ်သည်ဟု Research Institue for Humanity and Nature မှ ပရော်ဖက်ဆာ Masayuki Sakakibara က ဆိုသည်။

"ပလပ်စတစ်က နေရာတိုင်းမှာ ရှိတယ်။ ပလပ်စတစ်က ပြဿနာမဟုတ်ဘူး။ တကယ်က လူသားတွေရဲ့ ပြဿနာ ဖြစ်နေတယ်။ ပလပ်စတစ်ကို လျှောက်ပစ်နေကြတာ။ ပလပ်စတစ်က တကယ်တော့ လူသားအကျိုးပြု Television ကအစ ပလပ်စတစ် ကြိုက်တဲ့ဟာကို ကြည့်လိုက် ပလပ်စတစ်။ ပြဿနာက လူသားတွေ ဖြစ်သလို ပလပ်စတစ်တွေကိုပစ်တာ"ဟု ဆိုသည်။

United Nations Enviroment Programme အနေဖြင့် ပလပ်စတစ်များသည် ကမ္ဘာကြီးအတွက် မည်မျှ အန္တရာယ်ရှိနေသည် ဆိုသည့်များကို ဓာတ်ပုံများဖြင့် Novotal Hotel တွင် တစ်လတိတိ ပြသားထားမည်ဟု သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly