ဖင်လန် ပို့ဆောင်ရေးဝန်ကြီးဟောင်း ဆန်နာ မာရင် ကမ္ဘာ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာမည်

ဖင်လန် ပို့ဆောင်ရေးဝန်ကြီးဟောင်း ဆန်နာ မာရင် ကမ္ဘာ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာမည်

ဒီဇင်ဘာ ၉။             ။ ဖင်လန်နိုင်ငံတွင် အာဏာရ ညွန့်ပေါင်းအုပ်စုတွင်းရှိ ဆိုရှယ်ဒီမိုကရက်တစ်ပါတီက အသက် ၃၄ နှစ်သာ ရှိသေးသည့် ပို့ဆောင်ရေးဝန်ကြီးဟောင်း ဆန်နာ မာရင်အား ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင် မြှောက်ခဲ့သည်။

ယင်းအတွက်ကြောင့် ဖင်လန်အမျိုးသမီးနိုင်ငံရေးသမား မာရင်သည် နိုင်ငံသမိုင်းတွင် အသက်အငယ်ဆုံးသော အစိုးရခေါင်းဆောင် ဖြစ်လာရန် ရှိနေသလို ကမ္ဘာ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်လည်း ဖြစ်လာတော့မည် ဖြစ် သည်။

ဖင်လန်ဝန်ကြီးချုပ်ရာထူးကနေ အန်တီ ရင်နီ နုတ်ထွက်ပြီးနောက် မာရင်အား သူမ၏ ပါတီက ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

အန်တီ ရင်နီသည် နိုင်ငံတွင် စာတိုက်လုပ်ငန်း သပိတ်မှောက်မှုကို ကိုင်တွယ်ခဲ့ပုံနှင့်ပတ်သက်၍ ညွန့်ပေါင်းအုပ်စုတွင်း ယုံကြည်မှု ဆုံးရှုံးခဲ့ပြီးနောက် ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်က ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်ခဲ့သူ ဖြစ်သည်။

၎င်း၏ နေရာတွင် အသက် ၃၄ နှစ်အရွယ် မာရင်ဟာ အစားထိုးရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

“ ပြည်သူလူထုရဲ့ ယုံကြည်မှု ပြန်ရအောင် တည်ဆောက်ဖို့အတွက် ကျွန်မတို့မှာ လုပ်ရမယ့် အလုပ်တွေ အများကြီး ရှိနေပါတယ်” ဟု မာရင်က သတင်းထောက်များကို ပြောသွားခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly