နှင်းလျှောစီးသည့် ဆန်တာကလော့စ်များ

နှင်းလျှောစီးသည့် ဆန်တာကလော့စ်များ

ဒီဇင်ဘာ ၉။            ။ အမေရိကန်ပြည်ထောင်စု မိန်းပြည်နယ်ရှိ Newry မြို့က တောင်ကုန်းတစ်ခုတွင် ဒီဇင်ဘာ ၈ ရက်က ရာနှင့်ချီသော ဆန်တာကလော့စ်များ စုပေါင်းပြီး နှင်းလျှောစီးပွဲတစ်ခုကို ပြုလုပ်ခဲ့ကြသည်။

ဆန်တာကလော့စ် ဘိုးဘိုးကြီး ပုံစံ ဝတ်ဆင်ထားကြသူပေါင်း ရာနှင့်ချီတို့သည် ယင်းနေ့က Sunday River အပန်းဖြေစခန်းရှိ တောင်ကုန်းစောင်းပေါ်ကနေ စုပေါင်းပြီး နှင်းလျှောစီးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဆန်တာကလော့စ်များ စုဝေးပြီး နှင်းလျှောစီးမှုကို ပရဟိတ ရန်ပုံငွေ ရှာဖွေမှု အစီအစဉ် တစိတ်တဒေသအဖြစ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဆန်တာကလော့စ်များ စုပေါင်းပြီး နှင်းလျှောစီးမှုကနေ ရရှိလာမည့် ငွေကြေးအကျိုးအမြတ်များကို ပရဟိတအဖွဲ့တစ်ခုဖြစ်သည့် River Fund ကို ထည့်ဝင်ပေးသွားမည်ဖြစ်သည်။

အဆိုပါ River Fund အဖွဲ့သည် လူငယ် ပညာရေးပိုင်းကို ထောက်ပံ့ကူညီနေသည့် အဖွဲ့တစ်ခုဖြစ်သည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly