အိန္ဒိယတွင် စက်ရုံမီးလောင်မှုကြောင့် လူ ၄၃ ဦးထက်မနည်း သေဆုံး

အိန္ဒိယတွင် စက်ရုံမီးလောင်မှုကြောင့် လူ ၄၃ ဦးထက်မနည်း သေဆုံး

ဒီဇင်ဘာ ၈။           ။ အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီတွင် ဒီဇင်ဘာ ၈ ရက် မနက်အစောပိုင်းက စက်ရုံတစ်ရုံ မီးလောင်မှုဖြစ်ပြီး အနည်းဆုံး လူ ၄၃ ဦး သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသူ ဦးရေ ထပ်မံမြင့်တက်လာ နိုင်သေးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

မြို့ထဲတွင် အသေးစား ထုတ်လုပ်ရေးနဲ့ သိုလှောင်ရေးလုပ်ငန်းများ ပြွတ်သိပ်တည်ရှိနေသည့်၊ ကျဉ်းမြောင်းကျပ်တည်းနေသော လမ်းများ ရှိနေသည့် ရပ်ကွက်တစ်ခုတွင် အဆိုပါ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ ခုလောလောဆယ်အထိတော့ လူ ၅၀ ထက်မနည်းကို ကယ်တင်ပေးခဲ့ရပါတယ်” ဟု နယူးဒေလီ မီးသတ်ဌာနမှ မီးသတ်အရာရှိ ဆူနီလ် ချောင်ဟာရီက ပြောသည်။

“ ဒီ အထပ်မြင့် အဆောက်အအုံ ဖြစ်တဲ့ စက်ရုံမှာ  အလုပ်သမားတွေ၊ စက်ရုံလုပ်သားတွေ အိပ်ပျော်နေတဲ့အချိန်မှာ မီးလောင်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စက်ရုံမီးကို ငြှိမ်းသတ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

ယခု စက်ရုံမီးလောင်မှုဖြစ်စဉ်သည် အင်မတန်ဆိုးရွားကြောင်းနှင့် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် လိုအပ်သည့် အကူအညီများ ပေးကြရန် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက ပြောဆိုထားခဲ့သည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly