ထိုင်းမြန်မာချစ်ကြည်ရေး သံဃာအပါးသုံးသောင်းကို ဆွမ်းဆန်စိမ်းလောင်းလှူ

ထိုင်းမြန်မာချစ်ကြည်ရေး သံဃာအပါးသုံးသောင်းကို ဆွမ်းဆန်စိမ်းလောင်းလှူ
ဓာတ်ပုံ - ထက်မြတ်

မန္တလေး၊ ဒီဇင်ဘာ ၈။      ။ မြန်မာနှင့် ထိုင်းနိုင်ငံချစ်ကြည်ရေးအဖြစ် သံဃာအပါးသုံးသောင်းကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ချမ်မြသာစည်လေဆိပ်တွင် ဒီဇင်ဘာ ၈ရက်နေ့ နံနက်ခြောက်နာရီက ကျင်းပပြုလုပ်ခဲ့သည်။

သံဃာတော်များအား နံနက်အာရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းကပ်လှူဒါန်းခြင်း၊ သံဃာတော်တစ်ပါးလျှင် နဝကမ္မအလှူ ၀တ္ထုငွေ ကျပ်သုံးသောင်းနှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူခြင်းကိုပြုလုပ်ခဲ့ကြသည်။

ယခုကဲ့သို့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ပထမအကြိမ်အဖြစ် ၂၀၁၅ခုနှစ် စက်တင်ဘာ ၂၀ရက်နေ့တွင် သံဃာအပါးတစ်သောင်းအား ကျုံးမြို့ရိုးမြောက်ဘက်ခြမ်း သုဓမ္မာဇရပ်တန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ ဒုတိယအကြိမ် အဖြစ် ၂၀၁၇ခုနှစ် ဇန်နဝါရီ ၂၁ရက်နေ့က သံဃာအပါးနှစ်သောင်းအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ချမ်းမြသာစည်လေယာဉ်ကွင်းတွင် ပြုလုပ်ခဲ့ပြီး ယခုတစ်ကြိမ်မှာ တတိယအကြိမ်မြောက် လှူဒန်းခြင်းလည်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly