အထက်တန်းကျောင်းသားက စီအိုင်အေအကြီးအကဲ အီးမေးလ်ကို ဟတ်ကာလုပ်ပြီးနောက် ၀ိကီလိစ်က ဖွင့်ချလာ

အထက်တန်းကျောင်းသားက စီအိုင်အေအကြီးအကဲ အီးမေးလ်ကို ဟတ်ကာလုပ်ပြီးနောက် ၀ိကီလိစ်က ဖွင့်ချလာ

စီအိုင်အေအကြီးအကဲ ဂျွန်ဘရန်နန်၏ ကိုယ်ပိုင်အီးမေးလ် ဟတ်ခံရခြင်းနှင့် ပတ်သက်ပြီး စီအိုင်အေက ရန်ငြိုးဖွ့ဲတိုက်ခိုက်သည့် ပြစ်မှုဖြစ်သည်ဟု ပြစ်တင်ပြောဆိုသည်။

ဂျွန်ဘရန်နန်၏ အီးမေးလ်အကောင့်ဟောင်းမှ မှတ်တမ်းခြောက်ခုကို ဟတ်ကာခိုးယူခံရပြီးနောက်တွင် လျှို့ဝှက်ချက်များ ဖော်ထုတ်သည့် အုပ်စု ဝီကီလိစ် ဝက်ဆိုက်တွင် ဖော်ပြလာခြင်းဖြစ်သည်။

ထိုသို့ အီးမေးလ်အကောင့်အဟတ်ခံရသော်လည်း လျှို့ဝှက်အဆင့်မှတ်တမ်းများတော့ မပါသွားကြောင်း စီအိုင်အေက ပြောသည်။

သို့သော်လည်း ဖွင့်ချခံရသည့် မှတ်တမ်းခြောက်ခုမှာ ဂျွန်ဘရန်နန်၏ ကိုယ်ရေးသတင်းအချက်အလက်များပါဝင်သည့် လုံခြုံရေးအာမခံလျှောက်ထားချက်မှတ်တမ်းမှတ်ရာလည်းပါဝင်သည်။

မှတ်တမ်းများမှာ ၂၀၀၉ ခုနှစ်က ဘရန်နန်၏ အီးမေးလ်မှတ်တမ်းများဖြစ်ပြီး ယင်းအချိန်က ဘရန်နန်က အိမ်ဖြူတော်တွင် အကြမ်းဖက်တိုက်ဖျက်ရေးအကြံပေးအဖြစ် လုပ်ကိုင်ခွင့်ရရန် လျှောက်ထားထားပြီး လုံခြုံရေးအာမခံချက်အတွက် ကြိုးစားနေရချိန်ဖြစ်ပြီး ၁၉၈၀ ခုနှစ် မှ ၂၀၀၅ ခုနှစ်ကြား စီအိုင်အေအတွက် အလုပ်လုပ်ကိုင်နေလျက်ရှိနေသူဖြစ်သည်။

အီးမေးလ်ကို ဟတ်ကာလုပ်သူက အထက်တန်းကျောင်းသားတစ်ဦးဖြစ်ကြောင်း ကိုယ်တိုင် Nthe New York Post သို့ ဖြေကြားပြီး အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒကို ဆန့်ကျင်သည့်အတွက် ယင်းသို့လုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းဟက်ကာထွင်းဖောက်သူက ပြောသည်။

ဟက်ကာသမား၏ တွစ်တာတွင် အသက် ၁၃ နှစ်သာရှိသေးသည့် ယောက်ကျားလေးတစ်ဦးဖြစ်ကြောင်း တွစ်တာမှတ်ပုံတင်ထားသည်ကို တွေ့ရသည်။

ဝိကီလိစ်က ယခုဖွင့်ချလိုက်သည့် မှတ်တမ်းများတွင် ၂၀၀၇ ခုနှစ်အတွင်းက ရေးသားထားသည့် အမျိုးသားလုံခြုံရေးစိန်ခေါ်မှု ပြဿနာနှင့် ဆိုင်သည့် မှတ်တမ်းမူကြမ်းလည်း ပါရှိသည်။

လာမည့်ရက်များအတွင်း နောက်ထပ်မှတ်တမ်းများ ထုတ်ပြန်လာဦးမည်ဟု ဝီကီလိစ်က ရေးသားထားသည်။

လက်ရှိတွင် FBI နှင့် Secret Service တို့က ဟက်ကာဖောက်ထွင်းမှုကို လိုက်လံစုံစမ်းလျက်ရှိနေသည်။

ဘရန်နန်သည် ၂၀၁၃ ခုနှစ်မှစကာ စီအိုင်အေအကြီးအကဲဖြစ်လာသူဖြစ်ပြီး ပြည်တွင်လုံခြုံရေးနှင့် အကြမ်းဖက်တိုက်ဖျက်ရေးတို့အတွက် သမ္မတလက်ထောက်အဖြစ် လေးနှစ်ကြာ လုပ်ကိုင်ခဲ့ဖူးသူလည်းဖြစ်သည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly