သြစတြေးလျတွင် တောမီးပေါင်း ၁၀၀ ကျော် ဆက်လက်လောင်ကျွမ်းနေပြီး အပူလှိုင်းတစ်ခု ကျရောက်ဖွယ် ရှိနေ

သြစတြေးလျတွင် တောမီးပေါင်း ၁၀၀ ကျော် ဆက်လက်လောင်ကျွမ်းနေပြီး အပူလှိုင်းတစ်ခု ကျရောက်ဖွယ် ရှိနေ

ဒီဇင်ဘာ ၈။              ။ ထိန်းချုပ်၍ မရနိုင်ဘဲ ဖြစ်နေသည့် တောမီးများကြောင့် သြစတြေးလျအရှေ့ပိုင်းတွင် ဒေသခံများ နေအိမ် စွန့်ခွာထွက်ပြေးရမှုများ ဖြစ်ပေါ်နေသည်ဟု အာဏာပိုင်များက ပြောသည်။

အလားတူ တောမီးများကြောင့် အခြားသော ဒေသ အစိတ်အပိုင်းများတွင်လည်း လာမည့်အပတ်အတွင်း အပူလှိုင်းတစ်ရပ်နှင့် ရင်ဆိုင်ရရန် ရှိနေသည်။

သြစတြေးလျတွင် ယခုကဲ့သို့ တောမီးလောင်ကျွမ်းမှုသည် နှစ်စဉ် ကြုံတွေ့နေကျ ဆိုသော်လည်း ယခုနှစ်တွင်မူ တောမီးလောင်ကျွမ်းမှုသည် ယခင်နှစ်များထက် ပိုမို စောလျင်စွာ ကြံုတွေ့လာရခြင်းဖြစ်သည်ဟု သိပ္ပံပညာရှင်များက ပြောသည်။

 

ကွင်းစ်လန်းပြည်နယ် ဘရစ်ဘိန်း မြို့စွန်တွင် လောင်ကျွမ်းနေသော တောမီးကြီးတစ်ခုအနီး အပူချိန်သည် ၄၀ ဒီဂရီ ဆဲစိယက်စ် ( ၁၀၄ ဖာရင်ဟိုက်) အထက်သို့ ရောက်ရှိနေသည်။

ယင်း ဧရိယာအနီး ဆင်ခြေဖုံးရပ်ကွက်သုံးခုတွင် နေထိုင်ကြသူများကို ယင်းနေရာမှ အမြန်ဆုံး စွန့်ခွာရန် အာဏာပိုင်များက သတိပေးချက်ထုတ်ထားသည်။

သြစတြေးလျ အရှေ့ပိုင်းတွင် ဒီဇင်ဘာ ၇ ရက်တွင် တောမီးပေါင်း ၁၀၀ ကျော် တပြိုင်နက်တည်း လောင်ကျွမ်းနေပြီး ဆစ်ဒနီမြို့ မြောက်ပိုင်းတွင်လည်း ဧရာမ တောမီးကြီးတစ်ခု လောင်ကျွမ်းနေကြောင်း သိရသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly