တရုတ်ကွန်မြူနစ်များ အစားသောက်ကောင်း ရှောင်ရမည့်အပြင် လွဲမှားလိင်ဆက်ဆံခြင်းနှင့် ဂေါက်ရိုက်ခြင်းတို့ကိုပါ တားမြစ်ထား

တရုတ်ကွန်မြူနစ်များ အစားသောက်ကောင်း ရှောင်ရမည့်အပြင် လွဲမှားလိင်ဆက်ဆံခြင်းနှင့် ဂေါက်ရိုက်ခြင်းတို့ကိုပါ တားမြစ်ထား

တရုတ်ကွန်မြူနစ်ပါတီဝင်များအား အစားအသောက်တွင် စည်းစိမ်ယစ်ကာ ငွေကုန်ခံ လွန်ကဲစားသောက်ခြင်းများကို ရှောင်ကြဉ်ရမည့်အပြင် အခြားသူများနှင့် လွဲမှားသည့် လိင်ဆက်ဆံမှုအပြင် ဂေါက်ရိုက်များကိုပါ ရှောင်ကြဉ်ရန် တားမြစ်ထားကြောင်း နိုင်ငံပိုင်သတင်းတွင် အောက်တိုဘာ ၂၂ ရက်က ဖော်ပြသည်။

အာဏာရကွန်မြူနစ်ပါတီ၏ နိုင်ငံရေးဗျူရိုက သန့်ရှင်းသောအစိးရအဖြစ် စည်းမျဉ်းသစ်ကို ချမှတ်ခြင်းဖြစ်ကာ ယခုလအစပိုင်းတွင် စည်းကမ်းကြပ်မတ်မှုလုပ်ဆောင်လာခြင်းဖြစ်သည်ဟု နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ပြောပြီး ယင်းသို့လုပ်ဆောင်မှုသည် ပါတီဝင်များ၏ ကျင့်ဝတ်သိက္ခာပိုင်း စောင့်စည်းမှုအတွက်ဖြစ်သည်ဟု ဆိုသည်။

ကွန်မြူနစ်ပါတီဝင်များက ကီပင်ထားခြင်းနှင့် နောက်မီးလင်းခြင်းများကို ရှောင်ကြဉ်ရန် စည်းကမ်းရှိထားပြီးဖြစ်ပြိး ယခုစည်းကမ်းက လိင်ပိုင်းဆိုင်ရာတွင် ပို၍ တင်းကျပ်လိုက်ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

ဂေါက်ရိုက်ခြင်းနှင့် အစားအသောက်ဇိမ်ခံခြင်းတို့ကို ပထမဆုံးအဖြစ် စည်းကမ်းသတ်မှတ်ခြင်းဖြစ်ကြောင်းလည်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

ပါတီဝင်အင်အား ၈၈ သန်းရှိသည့် ကွန်မြူနစ်ပါတီအနေဖြင့် ပါတီတွင်း ဂိုဏ်းဖွဲ့ခြင်းများနှင့် ဆွေမျိုးစုကောင်းစားရေးလုပ်ဆောင်ချက်များကိုလည်း စည်းကမ်းကြပ်မတ်တားမြစ်ထားသည်။

Ref ; YAHOO

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly