ဆီးရီးယားတွင် လေကြောင်းထိုးစစ်ကြောင့် ပူတင် လူကြိုက်ပိုများလာ

ဆီးရီးယားတွင် လေကြောင်းထိုးစစ်ကြောင့် ပူတင် လူကြိုက်ပိုများလာ

ဆီးရီးယားတွင် အိုင်အက်စ်စစ်သွေးကြွများကို ချေမှုန်းရေး လေကြောင်းထိုးစစ်ဆင်နွှဲရန် ဆုံးဖြတ်လုပ်ဆောင်ခဲ့ပြီးနောက် ရုရှသမ္မတပူတင်အား အဆိုပြုမဲပေးသူပေါင်းသည် ၉၀ ရာခိုင်နှုန်းနီးပါးရှိကာ စံချိန်တင်ခဲ့ကြောင်း နိုင်ငံပိုင်လူထုသဘောထား စစ်တမ်းကောက်ယူမှုအရသိရသည်။

လူထုသဘောထားကောက်ယူမှုစစ်တမ်း VTsIOM တွင် ပူတင်အား နှစ်သက်မဲပေးသူပေါင်းသည် အော်တိုဘာလအတွင်း ၈၉ ဒသမ ၉ ရာခိုင်နှုန်းသို့ ရောက်ရှိရာ ဇွန်လအတွင်းက စစ်တမ်းတွင် ၈၉ ဒသမ ၁ ရာခိုင်နှုန်းထက် များပြားခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလ စစ်တမ်းတွင် ၅၈ ဒသမ ၈ ရာခိုင်နှုန်းထက် အပုံကြီးကွာခဲ့သည်။

"ဒီလို လူထုစစ်တမ်းမှာ မဲပေးရွေးချယ်ခံရမှု မြင့်တက်လာခြင်းက ဆီးရီးယားမှာ သမ္မတပူတင်ရဲ့ လုပ်ဆောင်ချက်များက ပထမအကြောင်းရင်းခံပဲဖြစ်ပါတယ်။"ဟု VTsIOM က ထုတ်ပြန်ချက်တွင်   ဖော်ပြထားသည်။

ဆီးရီးယားတွင် စက်တင်ဘာ ၃၀ ရက်မှစကာ ရုရှလေကြောင်းထိုးစစ်ဆင်နွှဲခဲ့ရာ ပစ်မှတ်ပေါင်း ၆၉၀ ကျော်ကို လေကြောင်းတိုက်ခိုက်မှုပေါင်း ၇၀၀ ကျော်ထက်မနည်း ဆင်နွှဲခဲ့ပြီးဖြစ်သည်။

လေကြောင်းထိုးစစ်မဆင်နွှဲမီက အရှေ့အလယ်ပိုင်းအရေးတွင် ပါဝင်မည်ကို စိုးရိမ်မှုများရှိသည်ကို မဲရလဒ်များက ပြသခဲ့သော်လည်း ယခုလအစောပိုင်း မဲရလဒ်များတွင်မှု ရုရှ၏ ဆီးရီးယားလေကြောင်းစစ်ကို အပြုသဘောဆောင် အားပေးသင့်အမြင်များ တိုးမြင့်လာခြင်းပင်ဖြစ်သည်။

Ref ; CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly