နာတာရှည် လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန် နယူးဒေလီတွင် ကားကင်းမဲ့နေ့သတ်မှတ်

နာတာရှည် လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန် နယူးဒေလီတွင် ကားကင်းမဲ့နေ့သတ်မှတ်

နယူးဒေလီ၊ အောက်တိုဘာ-၂၂ ။          ။ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ကြီးဖြစ်သည့် အိန္ဒိယ၏ နယူးဒေလီမှာ ၎င်း၏ လေထုကို ပြန်လည် လတ်ဆတ်သန့်ရှင်း လာစေရန်အတွက် စမ်းသပ်ချက် အသစ်တစ်ခုကို လုပ်ဆောင်နေသည်။ ယင်းမှာ ‘ကားကင်းမဲ့နေ့ (car-free day)’ပင်ဖြစ်သည်။

ယာဉ်မောင်းများအနေဖြင့် မြို့တော်၏ အထင်ကရ အိန္ဒယမုခ်ဦး (India Gate)တစ်လျှောက် အမြဲတန်းလိုလို ယာဉ်ကျောပိတ်ဆို့တတ်သည့် ၆ကီလိုမီတာ လမ်းပိုင်းကို ကြာသပတေးနေ့ နံနက်တိုင်း ၅နာရီခန့် ရှောင်ရှားမောင်းနှင်ကြရန် နယူးဒေလီ၏ သယ်ယူပို့ဆောင်ရေး အာဏာပိုင်များက တောင်းဆိုထားသည်။

ယင်းမှာ မြို့တော်ကြီး၏ ယာဉ်ကြောပိတ်ဆို့မှုနှင့် လေထုညစ်ညမ်းမှုကို လျှော့ချရန် အစိုးရ၏ အသည်းအသန်ကြိုးစားမှုတစ်ခုအဖြစ် လစဉ် ၂၂ရက်နေ့ရောက်တိုင်း မြို့တော်၏ လမ်းပိုင်းများတွင် အကောင်အထည်ဖော်မည့် ကားမဲ့နေ့လှုပ်ရှားမှုများအနက် ပထမဆုံးလှုပ်ရှားမှုပင် ဖြစ်သည်။

ကားမဲ့နေ့လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ဒေလီပြည်နယ်ဝန်ကြီးချုပ် အာဝစ် ကီရီဝေါကိုယ်တိုင် စက်ဘီးသမားများ စုရုံးပွဲကို ဦးဆောင်ခဲ့သည်။

ကားမဲ့ဇုန်များတစ်လျှောက်တွင် မြို့တော်၏ ရောင်စုံသုံးဘီးယာဉ်များကို အခမဲ့စီးနင်းနိုင်ရန် ဒေလီအစိုးရက စီစဉ်ပေးထားပြီး မိသားစုများကိုလည်း အများပြည်သူသုံးယာဉ်များကို အသုံးပြုကြရန် တိုက်တွန်းထားသည်။ သုံးဘီးယာဉ်များနှင့် ဘတ်စ်ကားများမှာ သဘာဝဓာတ်ငွေ့ကို အသုံးပြုသောကြောင့် ဓာတ်ဆီနှင့် ဒီဇယ်ကို အသုံးပြုသည့် ကားများနှင့် နှိုင်းယှဉ်ပါက ပိုမိုသန့့်ရှင်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly