အမေရိကန်ရေတပ်စခန်း၌ ဆော်ဒီကျောင်းသား ပစ်ခတ်၍ လူ သုံးဦး သေဆုံး

အမေရိကန်ရေတပ်စခန်း၌ ဆော်ဒီကျောင်းသား ပစ်ခတ်၍ လူ သုံးဦး သေဆုံး

ဒီဇင်ဘာ ၇ ။          ။ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ပန်ဆာကိုလာအရပ်ရှိ အမေရိကန်ရေတပ်စခန်းတွင် လူသုံးဦးကို ပစ်ခတ်ခဲ့သူမှာ ဆော်ဒီအာရေဗျနိုင်ငံသား ကျောင်းသားတစ်ဦးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ထို ပစ်ခတ်မှုအတွက် ဆော်ဒီဘုရင် ဆာလမန်က စိတ်မကောင်း ဝမ်းနည်းကြောင်း ပေးပို့ထားသည်ဟု အိမ်ဖြူတော် အစည်းအဝေးတစ်ရပ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောသည်။

အဆိုပါ ပစ်ခတ်သူသည် မိုဟာမတ်ဆာအိဒ်အယ်ရှမ်ရာနီဆိုသူဖြစ်ပြီး ၎င်းသည် ယင်းရေတပ်စခန်းတွင်ပင် စစ်သင်တန်းဆင်းနေသည့် ဆော်ဒီစစ်တပ်အဖွဲ့ဝင်ဖြစ်ကြောင်း သိရသည်။

၎င်းအား တာဝန်ရှိသူများက ပစ်ခတ်ရှင်းလင်းလိုက်ရခြင်း ဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုအတွင်း တာဝန်ရှိသူတစ်ဦးအပါအဝင် ရှစ်ဦး ဒဏ်ရာရသည်ဟု ဒေသစီရင်စုရုံးက အတည်ပြုသည်။

ယခု ပစ်ခတ်မှုသည် သီတင်းတစ်ပတ်အတွင်း အမေရိကန်စစ်အခြေစိုက်စခန်း၌ ဒုတိယမြောက် ပစ်ခတ်မှုပဲ ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်က ဟာဝိုင်ယီရှိ ပုလဲဆိပ်ကမ်းတွင် ရေတပ်သားတစ်ဦး ပစ်ခတ်၍ အလုပ်သမားနှစ်ဦး သေဆုံးခဲ့ရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly