အမှန်အတိုင်း ဖြစ်စေချင်၍ မိုးအောင်ရင်ကို တရားစွဲခဲ့ဟုဆို

အမှန်အတိုင်း ဖြစ်စေချင်၍ မိုးအောင်ရင်ကို တရားစွဲခဲ့ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၆ ။            ။ ဥပဒေအရ အမှန်အတိုင်းဖြစ်စေချင်သည်ဟု မိုးအောင်ရင်၏ ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက ပြောဆိုလိုက်သည်။

မိုးအောင်ရင်ကို စွဲဆိုထားသောအမှုနှင့်ပက်သက်၍ ရန်ကင်းမြို့နယ် တရားရုံးတွင် ရုံးချိန်းလာရောက်စဉ် မီဒီယာများကို ဖြေဆိုခဲ့ခြင်းဖြစ်သည်။

“ အမှန်တရားဖြစ်ဖို့ပဲ ဒီလိုတရားစွဲတာပါ။ သူတို့ကိုနစ်နာဖို့လည်း လုပ်တာမဟုတ်ဘူး။ ကိုယ့်အတွက် အမှန်တရားဖြစ်ဖို့ပဲ ဒီလိုမျိုးလုပ်ရတာပေါ့နော်” ဟု မခင်မြတ်နိုးကပြောသည်။

သရုပ်ဆောင် မိုးအောင်ရင်အား ရည်းစားဟောင်းဖြစ်သူမခင်မြတ်နိုးက ကာမလိမ်လည်မှုဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်နေ့က တရားရုံးတွင် ဦးတိုက်လျောက် တရာစွဲဆိုခဲ့ခြင်းလည်းဖြစ်သည်။

ထို့ကြောင့် ရန်ကင်းမြို့နယ်တရားရုံးမှ ဒီဇင်ဘာ ၆ ရက်နေ့တွင် တရားပြိုင်ဘက်မှ လာရောက်ရန်ချိန်းဆိုခဲ့သော်လည်း မိုးအောင်ရင်မှ ခရီးလွန်နေသည်ဟုဆိုကာ ကိုယ်စားလှယ်ဖြင့် ခွင့်တိုင်ကြားခဲ့သည်။

“ ကလောကို သွားရောက်နေတယ်ဆိုပြီး‌တော့ ခွင့်စာတင်ပါတယ်။ လေယာဉ်ပျံလက်မှတ်နဲ့တကွ။ တရားသူကြီးကတော့ သမ္မန်စာလည်း အတည်ဖြစ်ရဲ့သားနဲ့ပေါ့နော် မလာရောက်တဲ့အတွက် နောက်ရုံးချိန်းကို မပျက်မကွက်လာရောက်ဖို့အတွက် ၁၃ ရက် ၁၂ လ ၂၀၁၉ ရက်နေ့ ကို ပြန်လည်ပြီး ချိန်းဆိုထားပါတယ်” ဟု ရန်ကင်းမြို့နယ်တရားသူကြီး ဦးထွန်းနိုင်ဝင်းကပြောသည်။

အဆိုပါ ရုံးချိန်းပျက်ကွက်မှုကို တရားလိုဘက်မှ ကန့်ကွက်ခဲ့ကာ ဒီဇင်ဘာ ၁၃ ရက်နေ့ချိန်းဆိုမှုကို ထက်မံပျက်ကွက်ပါက ဥပဒေအရ ဆောင်ရွက်သွားမည်ဟု တရားသူကြီးကပြောကြားခဲ့သည်။

အခင်းမဖြစ်ပွားမီအချိန်အထိ တရားပြိုင် သရုပ်ဆောင်မိုးအောင်ရင်နှင့် တရားလိုမခင်မြတ်နိုးတို့သည် ရည်စားသက်တမ်း လေးနှစ်ခန့်ရှိခဲ့ပြီ ဖြစ်ကြောင်းလည်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly