ချယ်လ်ဆီးအသင်းဟာ ဖီဖာရဲ့ စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းအတွက် အပြောင်းရွှေ့ပိတ်ပင်ခံလျော့ချပေးရန် နိုင်ငံတကာ အားကစားခုံရုံး (CAS) ဆီ အယူခံဝင်မှု အောင်မြင်သွားပြီးနောက် ဇန်နဝါရီမှာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။
အပြာရောင်ခြင်္သေ့တို့ဟာ လူငယ်ကစားသမားခေါ်ယူရာမှာ ဖီဖာရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့လို့ အပြောင်းအရွှေ့ကာလနှစ်ခုမှာ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံထားရတာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီက အပြောင်းအရွှေ့ကာလတစ်ခု ပိတ်ပင်ခံရပြီးဖြစ်ပြီး အင်္ဂလန်ကလပ်အသင်းဟာ ဆွစ်ဖန့် ၃၀၀,၀၀၀ (ဒေါ်လာ ၂၃၀,၀၀၀) ကို ဒဏ်ငွေပေးဆောင်ခဲ့ရပါတယ်။